ရန်ကုန်၊ ဇန်နဝါရီ ၂၂ ကရင်နီပြည်၊ လွိုင်ကော်မြို့အခြေစိုက်၊ ခလရ ၂၆၁ တပ်ရင်းမှ စစ်မှုထမ်း အဖြစ် စုဆောင်းခံရသူ တပ်သား ၁ ဦး လက်နက်ခဲယမ်း ယူ ဆောင်လာပြီး KNDF တပ်ရင်းထံ ခိုလှုံဝင်ရောက်ခဲ့ကြောင်း KNDF ဗဟိုက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ လွိုင်ကော်မြို့ အခြေစိုက် ခလရ ၂၆၁ တပ်ရင်းမှ တပ်သား ၁ ဦးသည် ရှေ့ တန်းစစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ထိုသို့အ လင်း ဝင်ရောက်ခဲ့သူမှာ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်း နေရသော စစ်ကောင်စီတပ်သား တစ်ဦးဖြစ်ကြောင်း သိရသည်။ အလင်းဝင်ရောက်ခဲ့သူ စစ်ကောင်စီတပ်သားနှင့်အတူ MA-11 အမျိုးအစား သေနတ် ၁ […]
မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခံရသူ ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ က ထုတ်ပြန်ပါတယ်။စစ်ကောင်စီ တပ်သား ၂ ဦးဟာ မကွေးအရှေ့ခြမ်းပြည်သူ့ကာကွယ်ရေးတပ်တော် ကြိုးကြာနီတပ်ရင်း တပ်ရင်း ၇ ထံကို ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကောင်စီ တပ်သား ၂ ဦးဟာ MA-11 သေနတ် ၂ လက် ၊ ကျည်ဘောက် ၆ ဘောက် ၊ ၅.၅၆ ကျည် ၂၀၀ ဝန်းကျင်ခန့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ၁၄ နင်းမိုင်း ၁ လုံး တို့ကို […]