သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်သွားပြီး မျိုးစေ့အတွက် အကူအညီ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် )ဩဂုတ်လအတွင်း ပုံးအင်းဒေသတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရွာပေါင်း(၂၅) ရွာပျက်စီးကာ စပါးဧက (၂သောင်း)ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် ယနေ့အချိန်ထိ ပုံးအင်းဒေသတွင် မြေနုံးများကို မဆည်ယူနိုင်သေးသဖြင့် လယ်ဧက အတွင်း ရေများကျန်ရှိနေသေးကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လက်ရှိအချိန်သည် နွေစပါးစိုက်ပျိုးရန် အချိန်ဖြစ်သဖြင့် စပါးမျိုးစေ့များ အကူအညီလိုအပ်နေကြောင်း စိုက်ပျိုးရေးဦးစီး ဌာနကို စာတင်အကြောင်းကြားထားသော်လည်း ယနေ့အထိ အကြောင်းမပြန်လာ သေးကြောင်း ၎င်းအမျိုးသားက ပြောသည်။ “စပါးမျိုးက လုံးဝကို မကျန်ရှိတော့တာ။ အခုက နွေစပါး စိုက်ရတော့မှာဆိုတော့ မျိုးစေ့တွေ လိုတယ်။ စိုက်ပျိုးရေးနဲ့ပဲ အသက်မွေး […]