နေပြည်တော်၊ နိုဝင်ဘာ ၃၀ မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် ဒုတိယနေ့(၂၉-၁၁-၂၀၂၄) ရက်နေ့က စာတမ်းဖတ်ပွဲများကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC II ၌ ယနေ့နံနက်ပိုင်းတွင် Parallel Session သုံးခုဖြင့်ကျင်းပပြီး မွန်းလွဲပိုင်းတွင် Plenary Session ကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးတို့ တက်ရောက်အားပေးကြသည်။ စာတမ်းဖတ်ပွဲ Parallel Session IV တွင် လယ်ယာကဏ္ဍထုတ်လုပ်မှုနှင့် စားရေရိက္ခာ ဖူလုံကြွယ်ဝမှု ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင်ခုနစ်ဦးတို့က ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်ရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြှင့်တင်ခြင်းဖြင့် စားရေရိက္ခာဖူလုံစေရေး၊ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှုနှင့် စားသုံးမှုကို ပထဝီဝင်ရှုထောင့်မှ လေ့လာခြင်းနှင့် ၂၀၅၀ ပြည့်နှစ်အတွက် ဆန်ဖူလုံမှုအလားအလာ၊ […]
မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် နေပြည်တော်၊ နိုဝင်ဘာ – ၂၈ မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ်(၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန – ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စီးပွားရေးပညာဘွဲ့ရ သူများ၊ မြန်မာနိုင်ငံစီးပွားရေးပညာနှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ် […]