စလင်း , ဇန်နဝါရီ ၄ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူကလေးငယ်များအား ကျောင်းအခြေပြု တီဘီရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မှုများကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က၊ ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဆရာ၊ ဆရာမများက ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား တီဘီရောဂါအကြောင်း သိမှတ်ဖွယ်ရာများကို ကျန်းမာရေးမှူး(၁) ဒေါ်အေးအေးငြိမ်းက ရှင်းလင်းပြောကြားဆွေးနွေး၍ ကျောင်းသား ကျောင်းသူကလေးငယ်များနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်၊ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား တီဘီရောဂါရှိ/ မရှိ စမ်းသပ်စစ်ဆေးဆောင်ရွက်ခဲ့ပြီး လတ်တလောချောင်းဆိုးအချွဲကြပ်နေသူများကို တီဘီရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းများ ပြုလုပ်၍ လိုအပ်သည့်ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ပြီး […]
ဒီဇင်ဘာ ၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရှားတောကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် (၁၂)နှစ် အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ– ပြီးခဲ့သည့်ရက်ပိုင်းက စလင်းမြို့နယ်၊ ရှားတောကျေးရွာနေ မောင်နိုင်ဝေအောင် (၁၂) နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာအနီးရှိ လယ်ကွင်းသို့ စက်ဘီးဖြင့် သွားရောက်စဉ် လယ်ကွင်းအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။ Crd// Source link