မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကော်ဖီစေ့ (raw) ၊ ကိုကိုးစေ့ အပါအဝင် ကုန်စည်အုပ်စု (၇) မျိုးကို Manual စနစ်ဖြင့် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ GACC, ရုံးလုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ကုန်ပစ္စည်များအတွက် ယခင်က မှတ်ပုံတင်ခြင်းအတွက် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)အောက်ရှိ CIFER မှတဆင့် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေး စားသောက်ကုန်စည်အုပ်စု (၇) မျိုးကို China Department of Animal and plant Quarantine (DAPQ) ဌာနမှ ပြောင်းလဲတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကုန်စည် (၇) မျိုးမှာ ကော်ဖီစေ့ (raw) ၊ […]