ylliX - Online Advertising Network

ထိပ်သီးအစည်းအဝေးတွေ မြန်မာစစ်ခေါင်းဆောင်တွေ တက်ခွင့် မပေးဖို့ အာဆီယံ ဆက်ဆုံးဖြတ်

မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပေးဘဲ ဆက်လက် တားမြစ်ဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်တဲ့အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံက ဒီနေ့ ပြောဆိုတာကို ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ဒီနှစ်ထဲ ပထမဆုံးအကြိမ် ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီတင်းပတ်ကုန် သီးသန့် အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ဆုံးဖြတ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှု မရှိတဲ့အတွက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းနှစ်တွေမှာ ကျင်းပတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးတွေမှာ စစ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာပါ။ တချိန်တည်းမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်မယ့်အစား အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့ ဦးစားပေးသင့်တယ်လို့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ မလေးရှား […]

အောင်ဝေး – မနက်ဖြန်မှာ ဆက်ဆိုဖို့တေး

(မိုးမခ) ဇန်နဝါရီ ၁၃ ၊ ၂၀၂၅ “ပူရေန္တံ ဗောဓိသမ္ဘရေ၊ နိဗတ်တံ ဝဋ်ဋဇာတိယံ။ ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ်တံ ဝိဇ်ဇယိ။ ……………………… ………………….. ……………..” ရွာမီး၊ မြို့မီး တောမီးမကျန်၊ မီးဘေးရန်မှ ကင်းဝေးရစေ အယ်လ်အေရေ…။ ငါတို့ ကဗျာဆရာတွေက ကဗျာထဲမတော့– “တောမီးကိုတောမီးနဲ့မှ ငြှိမ်းလို့ရတယ် ထိုးစစ်ကိုထိုးစစ်နဲ့ ရိုက်ချိုးရမယ်” တွင်တွင်ပြောခဲ့ တွင်တွင်ရေးခဲ့တာပါအယ်လ်အေ။ တကယ်ဖြစ်လာတော့ ခေတ်ရဲ့အရေပြားဟာ မီးကျွမ်းသွားတယ်။ မြစ်ကြီးတွေတောင် မီးလောင်ကုန်တယ်။ စစ်ကြောင့်ပြာကျတာလည်း ဒုက္ခ။ သဘာဝတရားကြောင့်ပြာကျတာလည်း ဒုက္ခ။ “ယံပိစ်ဆံ နလဘတိ တံပိ ဒုက္ခံ” အလိုမပြည့်ခြင်းဆင်းရဲလည်း မဟုတ်ခဲ့ရပါဘူးအယ်လ်အေ။ အယ်လ်အေရေ တောမီးလည်း အမြန်ငြိမ်းမှငြိမ်းမှ။ နောင်ဆိုရင် တောကြီးတွေ ထိန်းရသိမ်းရတော့မယ်။ ကမ္ဘာကြီး ပိုပြီးပူနွေးမလာအောင် […]