ylliX - Online Advertising Network

ကရင်နီ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုရှိ

ကရင်နီပြည် စစ်ရှောင်များ နေထိုင်နေသည့် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင်း စစ်ရှောင်ဒဏ်ရာရရှိသူ ရှိသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)နေ့ ညနေပိုင်းအချိန်တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ကလည်း လာကြဲသွားတယ်။ နေ့တိုင်းဆက်တိုက် လေယာဉ်နဲ့ လာကြဲတာ တချို့နေရာက ဖုန်းလိုင်းမရတော့ ဆက်သွယ်လို့ မရတဲ့နေရာလည်း ရှိတယ်။ စစ်ရှောင်စခန်းကို သူတို့ ဦးတည်ပြီး လာကြဲတယ်လို့ ပြောလို့ရတယ်။ ဒဏ်ရာရတဲ့သူလည်း ရှိတယ်”ဟု ၎င်းက‌ ပြောသည်။ ဒီးမော့ဆို စစ်ရှောင်စခန်း ဗုံးကြဲခံရ ထို့အပြင် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃၁ ရက်) နှစ်သစ်ကူးညတွင် […]

တောင်သာတွင် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု ဆက်တိုက် ပေါ်ပေါက် 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ယမန်နေ့ (ဒီဇင်ဘာ ၃၀) နံနက်ပိုင်း စီးနင်းတိုက်ခိုက်မှုတစ်ခုတွင်    ပျူစောထီးများ ခုခံမှုမရှိဘဲ ဆုတ်ခွာသွားကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက ပြောသည်။  ဧရာဝတီမြစ်တောင်ဘက် ညောင်ဦး-မြင်းခြံကားလမ်းဘေးရှိ ဆင်ဖြူကျေးရွာ ပျူစောထီးခေါင်းဆောင် ဝင်းကို၏နေအိမ်ကို စီးနင်းခြင်း ဖြစ်သည်ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ “တိုက်ပွဲကတော့ မဖြစ်လိုက်ဘူး။ ဒီကပစ်ခတ်သံနဲ့ ပျူတွေလည်း ထွက်ပြေးသွားကြတာဗျ။ လက်နက်တွေ ကျန်ခဲ့တာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။ “သူတို့က အင်အားတအားကြီးမများဘူးဗျ။ မြင်းခြံပျူတွေနဲ့ ပေါင်းလိုက်၊ ထနောင်းကုန်းရွာက ပျူတွေနဲ့ပေါင်းလိုက်နဲ့၊ ပြည်သူကိုခြိမ်းခြောက်မှု၊ တော်လှန်ရေးကို နှောက်ယှက်မှု လုပ်နေတာပေါ့”  ထိုစခန်းကို တောင်သာ၊ မြင်းခြံနှင့် ညောင်ဦးအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်များက စီနင်းခဲ့ခြင်းဖြစ်သည်။ […]

ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေ – Khit Thit Media

ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေ ရန်ကုန်၊ နိုဝင်ဘာ ၁၇ စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းမှစ၍ ကျေးရွာ ၅ ရွာကို ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်စတင်ပြီး ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးနှင့် ဆီဆုံရွာတို့၌ တပ်စွဲထားသော အင်အား ၁၈၀ […]