နေပြည်တော်၊ ဇန်နဝါရီ ၁၉ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာသို့ ရောက်ရှိ ကြရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာ၊ ညောင်ချောင်းဘုန်းကြီးကျောင်းရှိ ရတနာသုခဓမ္မဗိမာန်တော်တွင် အခြေပြု၍ အဆိုပါ မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၁၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၁ ဦး၊ […]
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၊ လောကသရဖူသွန်း ဘုရားကြီး၊ ရာပြည့်ဓနသိဒ္ဓိတန်ဆောင်းတော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၇၅ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၅၆ ဦး၊ ခွဲစိတ်ရောဂါ ၆၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ […]
နေပြည်တော်၊ ဇန်နဝါရီလ ၁၈ တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မလိကျွန်း တိုက်နယ် ဆေးရုံတွင်အခြေပြု၍ မလိကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၃၁၁ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၇ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၉ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၃၃ ဦး၊ နား၊နှာခေါင်း၊ […]
စလင်း , ဇန်နဝါရီ ၄ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူကလေးငယ်များအား ကျောင်းအခြေပြု တီဘီရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မှုများကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က၊ ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဆရာ၊ ဆရာမများက ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား တီဘီရောဂါအကြောင်း သိမှတ်ဖွယ်ရာများကို ကျန်းမာရေးမှူး(၁) ဒေါ်အေးအေးငြိမ်းက ရှင်းလင်းပြောကြားဆွေးနွေး၍ ကျောင်းသား ကျောင်းသူကလေးငယ်များနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်၊ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား တီဘီရောဂါရှိ/ မရှိ စမ်းသပ်စစ်ဆေးဆောင်ရွက်ခဲ့ပြီး လတ်တလောချောင်းဆိုးအချွဲကြပ်နေသူများကို တီဘီရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းများ ပြုလုပ်၍ လိုအပ်သည့်ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ပြီး […]
နေပြည်တော်၊ နိုဝင်ဘာ ၃၀ မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် ဒုတိယနေ့(၂၉-၁၁-၂၀၂၄) ရက်နေ့က စာတမ်းဖတ်ပွဲများကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC II ၌ ယနေ့နံနက်ပိုင်းတွင် Parallel Session သုံးခုဖြင့်ကျင်းပပြီး မွန်းလွဲပိုင်းတွင် Plenary Session ကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးတို့ တက်ရောက်အားပေးကြသည်။ စာတမ်းဖတ်ပွဲ Parallel Session IV တွင် လယ်ယာကဏ္ဍထုတ်လုပ်မှုနှင့် စားရေရိက္ခာ ဖူလုံကြွယ်ဝမှု ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင်ခုနစ်ဦးတို့က ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်ရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြှင့်တင်ခြင်းဖြင့် စားရေရိက္ခာဖူလုံစေရေး၊ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှုနှင့် စားသုံးမှုကို ပထဝီဝင်ရှုထောင့်မှ လေ့လာခြင်းနှင့် ၂၀၅၀ ပြည့်နှစ်အတွက် ဆန်ဖူလုံမှုအလားအလာ၊ […]
နောင်ချို၊ အောက်တိုဘာ ၂၆ နောင်ချိုမြို့နယ်၊ ဂန့်ဂေါရွာအနီးတွင် အောက်တိုဘာ ၂၆ ရက် (ယနေ့) နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းများနှင့် TNLA အကြမ်းဖက်အဖွဲ့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ အရှေ့မြောက်ဘက်ကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။ ထိတွေ့မှုဖြစ်စဉ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် စိုးရိမ်ရ ၁ ဦးအပါအဝင် စစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး TNLA အကြမ်းဖက်အဖွဲ့၏ ယာယီစခန်း ၃ ခုမှ TNLA အကြမ်းဖက် အလောင်း ၈ လောင်း (ပုပ်ပွ ၂ လောင်းအပါ)၊ Type-81 သေနတ် ၃ လက်၊ RPG ဗုံးသီး ၆ လုံး၊ ပိုကျည် ၁ တောင့်၊ ကျည် ၉၀၀ တောင့်ခန့်၊ […]