ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် KIA အကြမ်းဖက်အဖွဲ့ နှင့် ပူးပေါင်းအဖွဲ့များ လာရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းအချိန်က ဗန်းမော်တက္ကသိုလ်ထဲကို KIA အကြမ်းဖက်သမား ၁၅၀ ဦးခန့်က လာရောက်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွါသွားကြောင်း၊ အလားတူ ဗန်းမော်မြို့အနီးရှိ တာမိုင်းလုံရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် KIA အကြမ်းဖက်အဖွဲ့ အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး KIA အကြမ်းဖက်အဖွဲ့က အလောင်းများ ဆွဲယူ၍ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နယ်မြေရှင်းစစ်ကြောင်းက ထပ်ကြပ်လိုက်လံ ရှင်းလင်းရာ လက်နက်မျိုးစုံ ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ဗန်းမော်မြို့နယ်ထဲရှိ တပ်ဌာနချုပ်အချို့အား KIA အကြမ်းဖက်သမား ၅၀ ဦးခန့်ရှိ အဖွဲ့များက လာရောက်တိုက်ခိုက်လို့ […]