ylliX - Online Advertising Network

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု

မုံရွာ , ဒီဇင်ဘာ ၂၂ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများစိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကြည့်ရှုအားပေး ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျန်းမာရေးများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး […]

ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကန် လူကူးသံကူကွန်ကရစ်တံတား တည်ဆောက်မှုနှင့် ကျိုင်းတုံ-လွိုင်မွေသွားကားလမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)က တာဝန်ယူဆောက်လုပ်လျက်ရှိသော လွိုင်မွေဒေသ၊ လွိုင်မွေကန်ရှိ အရှည် ပေ ၃၅၀၊ အကျယ် ၈ ပေ ၁၀ လက်မရှိ လူကူးသံကူ ကွန်ကရစ် တံတား တည်ဆောက်နေမှုအား ယနေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။    အဆိုပါတံတားအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ဆောက်လုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။    ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အရှည် ၁၉ မိုင် ၃ ဖာလုံရှိ ကျိုင်းတုံ-လွိုင်မွေသွား ကားလမ်းအား ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် တောင်တက်လမ်းများ ချောမွေ့စွာ […]

ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကန်လူကူးသံကူကွန်ကရစ်တံတားတည်ဆောက်မှုနှင့် ကျိုင်းတုံ-လွိုင်မွေသွားကားလမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ ဒီဇင်ဘာ ၁၉ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ)က တာဝန်ယူ ဆောက်လုပ်လျက်ရှိသော လွိုင်မွေဒေသ၊ လွိုင်မွေကန်ရှိ အရှည် ၃၅၀ ပေ အကျယ် ၈ ပေ ၁၀ လက်မရှိ လူကူးသံကူကွန်ကရစ် တံတားတည်ဆောက်နေမှုအား ယနေ့ မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။ အဆိုပါ တံတားအား ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့ မှစ၍ ဆောက်လုပ် လျက်ရှိရာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။    ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အရှည် ၁၉ […]