ylliX - Online Advertising Network

မြန်မာ့ဝါဂွမ်းများအား ပြည်ပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်ပဈေးကွက်သို့ တိုးမြှင့် တင်ပို့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြန်မာ့ ဝါဂွမ်းများကို ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဈေးကွက်များသို့ တိုးမြှင့်တင်ပို့ရန် စီစဉ်ထားကြောင်း၊ ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးလျက် ရှိပြီး ဝါဂွမ်းပို့ကုန် မြှင့်တင်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်၍ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းမြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ဝါစိုက်ပျိုး၊ ထွက်ရှိ၊ ထုတ်လုပ်၊ သုံးစွဲမှု စသည့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိရေးသည် အရေးကြီးသဖြင့် ဝါအသင်းနှင့် စိုက်ပျိုးသူတောင်သူများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ဝါထွက်ရှိသည့် ရာသီကျန်ရှိနေသည့်အတွက် စနစ်တကျ ဂရုတစ်စိုက် ခူးဆွတ်၊ ရိတ်သိမ်း၊ သိုလှောင်နိုင်ပါက […]

မြန်မာ့ရွှေကို ကမ္ဘာ့ရွှေစံချိန်စံညွှန်းနှင့်အညီ အရည်အသွေးနှင့် အလေးချိန်ပြည့်မီစေရန် ရွှေဓာတ်ခွဲခန်း ဖွင့်လှစ် ဆောင်ရွက်မည်

  မြန်မာ့ရွှေကို ကမ္ဘာ့ရွှေစံချိန်စံညွှန်းနှင့်အညီ အရည်အသွေးနှင့် အလေးချိန်ပြည့်မီစေရန် ရွှေဓာတ်ခွဲခန်း ဖွင့်လှစ် ဆောင်ရွက်မည်   ရန်ကုန်   ဒီဇင်ဘာ   ၁၁      မြန်မာ့ရွှေကို ကမ္ဘာ့ရွှေစံချိန်စံညွှန်းနှင့် အညီ    အရည်အသွေးနှင့်အလေးချိန် ပြည့်မီစေရန်    ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး၍ ရွှေဓာတ်ခွဲခန်း  ဖွင့်လှစ်ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များ  အသင်းမှ သိရသည်။ ယခုအခါ ပြည်တွင်း၌ ရွှေရောင်းဝယ်မှုကို အရေးကြီး ဝန်ဆောင်မှုအဖြစ် နိုင်ငံတော်မှ   အောက်တိုဘာလက    အမိန့်ကြော်ငြာစာ   ထုတ်ပြန်ခဲ့သောကြောင့် မကြာမီ ဥပဒေနှင့်နည်းဥပဒေများ ထွက်ရှိလာတော့မည်ဖြစ်ရာ  ထိုဥပဒေ၊  နည်း ဥပဒေများနှင့်အညီ မြန်မာ့ရွှေကို ကမ္ဘာ့ ရွှေဈေးကွက်တွင် နိုင်ငံတကာပေါက်ဈေး အတိုင်း ရောင်းချနိုင်ရေးအတွက် စံချိန် စံညွှန်းနှင့်ပြည့်မီသော  နိုင်ငံတကာအသိ အမှတ်ပြု […]

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေး ဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်မည့် အစားအသောက် ဘေးကင်းရေးနှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ဆက်စပ် သုတေသန ဆွေးနွေးပွဲကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က LMC ပလက်ဖောင်းကို ထူထောင်ပြီး မြန်မာနိုင်ငံအား ပံ့ပိုးကူညီမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးရေး သုတေသနနှင့် တိုးချဲ့ရေးတို့ကို အာရုံစိုက်ရန် အရေးကြီးကြောင်း၊ဒေသတွင်း ကျွမ်းကျင်ပညာရှင်များနှင့် တောင်သူလယ်သမားများကြား ကွာဟချက်ကို ဖြည့်ဆည်းရန် လိုအပ်ကြောင်း ဒုတိယ ဝန်ကြီးကဆိုသည်။ ညီလာခံသည် […]

အရှိုချင်းကာကွယ်ရေးတပ် ACDF က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆောင်ရွက်မည် – Western News

မကွေးတိုင်းဒေသ ဧရာဝတီအနောက်ဘက်ခြမ်းမှာ စစ်ရေးလှုပ်ရှားသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့် အရှိုချင်းပြည်သူများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။ စစ်အာဏာရှင်စနစ်နှင့် အာဏာသိမ်း စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် အရှိုချင်းလူထုအတွက်လည်း သက်ဆိုင်သူများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ACDF က နိုဝင်ဘာလ ၁၆ ရက်နေ့က သဘောထား ထုတ်ပြန်ခဲ့သည်။ အရှိုချင်းကာကွယ်ရေးတပ် ACDF သည် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီဟု သိရသည်။ ACDF အနေဖြင့် ချမှတ်ထားသော မူဝါဒများအရ စစ်အာဏာရှင် ကျရှုံးရေးအတွက် မည်သည့် တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။ အရှိုချင်းဒေသက တိုင်းရင်းသားပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို တတ်နိုင်သမျှကာကွယ်စောင့်ရှောက်မည်နှင့် ပြည်သူလူထု၏ […]