ဒီနေ့တော့ ဆီထမင်း စားချင်တာနဲ့ မနက်စောစော ဆီထမင်း ထိုးဖြစ်ပါတယ် ဆီထမင်း ထိုးရတာကတော့ အရမ်းကိုဘဲ လွယ်ပါတယ် ဆီထမင်းထိုးတဲ့ နည်းတွေကလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ မိမိတို့ အသုံးပြုတဲ့ ကောက်ညှင်းဆန်အပေါ် မူတည်ပြီး ရေအနည်းအများကိုတော့ ချိန်ရတာတွေ ရှိတတ်ပါတယ်။ သက်ရင့်ကောက်ညှင်းဆန်ဆိုရင် ရေနည်းနည်း ပိုထဲ့ရပါတယ် သက်နုကောက်ညှင်းဆန် ဆိုရင်တော့ ရေကိုပုံမှန်ဘဲ ထဲ့ပေးရပါတယ် သက်ရင့်ဟုတ် မဟုတ်ကိုတော့ ကောက်ညှင်းချက်နေရင်း ဆန်သားကျက်ချိန်မှာ ကြည့်ပေးရပါတယ်။ ချက်နေကျအတိုင်း ရေကိုထဲ့ပြီး ချက်ပေမဲ့ သက်ရင့်ကောက်ညှင်းဆိုရင် အကျက်နည်းနည်း လိုနေတတ်ပါတယ် အဲဒီအခါမျိုး ဆိုရင်တော့ ရေကိုချင့်ချိန်ပြီး ထပ်ထဲ့ပေးပြီး ကျက်တဲ့အထိ ဆက်ချက်ပေးရပါတယ်။ ဆီထမင်းချိုး လိုချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ တည်ပေးပြီး မီးအရမ်း မများဖို့ကိုလဲ သတိထားစေချင်ပါတယ် […]