စစ်ကိုင်း၊ ဇန်နဝါရီ ၁၁ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေအသိပညာများ သင်ကြားပေးနိုင်ရေးအတွက် ဥပဒေပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများက […]