ဆီးရီးယားကို လက်ရှိဦးဆောင်နေတဲ့ အာမက် အယ်လ်ရှာရာနဲ့ အာဏာရှင် အာဆတ်ကို ဖြုတ်ချခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံး တပ်တစ်တပ်ထဲအဖြစ် ပေါင်းစည်းကြဖို့ သဘောတူညီမှုရခဲ့တယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ Hayat Tahrir al-Sham (HTS) ရဲ့ ခေါင်းဆောင် အာမက်အယ်လ်ရှာရာနဲ့ ကျန်အဖွဲ့ခေါင်းဆောင်တွေဟာ လက်နက်ကိုင်တပ်တွေ အားလုံးကို ဖျက်သိမ်းပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ တပ်တစ်တပ်တည်းအဖြစ် ပေါင်းစည်းကြဖို့ သဘောတူညီမှုရခဲ့ကြတယ်လို့ ဆီးရီးယား အထွေထွေအုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။ ဒါပေမဲ့ ဆီးရီးယားအရှေ့မြောက်ပိုင်းက ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကတော့ သဘောတူညီချက်မှာ မပါဝင်ဘူးလို့ ကြေညာပါတယ်။ […]
ဆီးရီးယားနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့တွေကို ဖျက်သိမ်းပြီး၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ တစုတဖွဲ့တည်းအဖြစ်ထားဖို့ သဘောတူလိုက်ကြပြီလို့ ဆီးရီးယား အာဏာပိုင်သစ်က ကြေညာပါတယ်။ ဆီးရီးယားအာဏာရှင် Bashar al-Assad ကို တိုက်ထုတ်ရာမှာ ဦးဆောင်ခဲ့တဲ့ Ahmad al-Sharaa နဲ့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအကြား အစည်းအဝေးတရပ်လုပ်ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်လာတာပါ။ အာဆပ်ပြုတ်ကျသွားပြီးကတည်းက ကမ္ဘာအရပ်ရပ်က အစိုးရတွေဟာ ဆီးရီးယားအနာဂတ်ကို စိုးရိမ်ပြီး ဆီးရီးယားနိုင်ငံကို ကိုယ်စားလှယ်တွေ စေလွှတ်နေကြပါတယ်။ အဲဒီထဲ စိုးရိမ်မှုတခုကတော့ ၂၀၁၄ ခုနှစ်က ဆီးရီးယားအရှေ့ပိုင်းဒေသနဲ့ အီရတ်နောက်ခြမ်းဒေသတွေကို သိမ်းယူခဲ့တဲ့ IS စစ်သွေးကြွအဖွဲ့တွေ ပြန်ပြီးခေါင်းထောင်လာမလားဆိုတာပါ။ တနင်္လာနေ့ကတော့ ဆီးရီးယားနိုင်ငံ အရှေ့ခြမ်း အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွနှစ်ဦး သေဆုံးတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ အစိုးရတရပ် တရားဝင်ဖွဲ့စည်းပြီးရင် ရေကြောင်းပိုင်နက် […]
သူဟာ ဆီးရီးယားကို နိုင်ငံတကာနဲ့ ဆက်ဆံရေး ထူထောင်ပြီး ငြိမ်းချမ်းတည်ငြိမ်မှုရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ဆီးရီးယား ပြည်သူတွေက ယုံကြည်ကြောင်း ဖေါ်ပြထားပေမယ့် ရှီဘာနီနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကိုတော့ ဖော်ပြမထားပါဘူး။ ဆီးရီးယားမှာ လက်ရှိအုပ်ချုပ်နေတဲ့ Ahmed al-Sharaa ဟာ အာဏာရယူခဲ့ချိန်ကစပြီး ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံတမန်နဲ့ အမေရိကန် အကြီးတန်း သံတမန်တွေ အပါအဝင် နိုင်ငံရပ်ခြား ကိုယ်စားလှယ်တွေနဲ့ တက်တက်ကြွကြွ ထိတွေ့ဆက်ဆံခဲ့တာပါ။ ဆီးရီးယား ပြန်လည်တည်ဆောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ အဓိက ဦးစားပေးမှာ ဖြစ်ကြောင်း ပြောကြားရင်း နိုင်ငံတကာ သံတမန်တွေနဲ့ ပြေလည်အောင် ဆက်ဆံလိုကြောင်းလည်း ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ဘယ်လို တိုက်ခိုက်မှုမျိုးမဆို လုပ်ဆောင်ဖို့ ဆန္ဒ မရှိကြောင်းလည်း ပြောပါတယ်။ ဆီးရီးယား အာဏာရှင် Assad […]
HTS လို့ အတိုကောက်ခေါ်တဲ့ Hayat Tahrir al-Sham အဖွဲ့ဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားနိုင်ငံထဲ ထွက်ပြေး ခိုလုံခဲ့ရတဲ့ ဆီးရီးယား သမ္မတ အာဆဒ် ကို ဖြုတ်ချရာမှာပါဝင်တဲ့ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေကို ဒီအဖွဲ့က ဦးဆောင်ခဲ့တာပါ။ အခု ဒီအဖွဲ့နဲ့ သမ္မတ ဘိုင်ဒန်အစိုးရ တာဝန်ရှိသူတွေ တိုက်ရိုက် ဆက်သွယ် စကား ပြောတာတွေ ရှိနေတယ်ဆိုတာကို ဝန်ကြီး ဘလင်ကန်က ပထမဆုံး ထုတ်ဖော်ပြောဆိုတဲ့ အမေရိကန် ထိပ်တန်း အရာရှိ ဖြစ်ပါတယ်။ ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး နိုင်ငံစုံက တာဝန်ရှိသူတွေ ဆွေးနွေးနေကြတဲ့ ဂျော်ဒန်နိုင်ငံက သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောသွားတာလည်း ဖြစ်ပါတယ်။ အာဆဒ်အစိုးရ […]
အစ္စရေးအနေဖြင့် ဆီးရီးယား၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အကြီးအကျယ် ဖျက်ဆီးနိုင်ခဲ့ကာ ထောက်လှမ်းသိရှိရသော မဟာဗျူဟာမြောက် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်များ၏ ၉၀ ရာခိုင်နှုန်းကျော်အား ဖျက်ဆီးနိုင်ခဲ့သည်ဟု အစ္စရေး ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၁၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zx2 ………………………………………………………………………..(English Version)Israel says destroyed over 90 pct of Syria’s surface-to-air missile systemsThe Israel Defense Forces announced on Thursday that it has “severely damaged” Syria’s air defenses, destroying over 90 percent of identified […]
ဂျော်ဒန်နိုင်ငံက အကာဘာ နဲ့ တူရကီက အန်ကာရာ မြို့တွေကို သွားရောက်မှာ ဖြစ်ပြီး ဆီးရီးယား၊ အစ္စရေး၊ ဂါဇာ၊ လက်ဘနွန် နဲ့ ဒေသတလွှား ကိစ္စတွေကို ခေါင်းဆောင်တွေ နဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ Source link
ဆီးရီးယားအာဏာရှင် Bashar al-Asad ထွက်ပြေးသွားပြီးနောက် လစ်လပ်သွားတဲ့ ဆီးရီးယားပြည်တွင်း အင်အားဟာကွက်ကို ဘယ်လိုဖြည့်ပြီး၊ အရှေ့အလယ်ပိုင်းဒေသတွင်း အင်အားချိန်ခွင်ရှာ ဘယ်လို ဖြစ်လာနိုင်သလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။ Source link