၂၀၂၄၊ ဒီဇင်ဘာ ၉ ပြင်သစ်နိုင်ငံကိုရောက်ရှိနေတဲ့ ရွေးကောက်ခံ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အား ပြင်သစ်သမ္မတ မာခရွန်က ပွဲစားလုပ်ကာ ယူကရိန်းသမ္မတ ဇီလန်စကီ နှင့်တွေ့ဆုံစေခဲ့သည်။ သူတို့၂ ဦး ၃ကြိမ် တွေ့ဆုံပြီးနောက် ထရမ့်တောင်းဆိုသည့် အပစ်အခတ်ရပ်ဆဲရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက်များကို ဇီလန်စကီက ပယ်ချခဲ့သည်ဟု သိရပါသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ထရမ့်က ၎င်း၏ဆိုရှယ်မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်သော Truth တွင် “ အပစ်ရပ်ရေးနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးပွဲက ချက်ခြင်းစသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သဘောတူညီမှုတစ်ရပ်ရပ်ကို စလုပ်လိုက်ပေါ့။ ယူကရိန်းတွေ ရူးနေတာကို ရပ်လိုက်ဖို့သင့်တယ်”ဟု ရေသားဖော်ပြခဲ့ပါသည်။ ဇီလန်စကီ၏ အိတ်စ်မီဒီယာ ( ယခင်တွစ်တာ) အကောင့်တွင်မူ “ ပြဿနာတစ်ရပ်ကို စာရွက်လေးတစ်ရွက် ပေါ်မှာ လက်မှတ်လေး နည်းနည်းထိုးပြီး […]
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၉ ရက် ယူကရိန်းနိုင်ငံကို ဆက်လက်ပြီး ပံ့ပိုးကူညီကြဖို့ သမ္မတ ဇီလန်စကီးက ဉရောပခေါင်းဆောင်တွေ ရဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာ တောင်းဆိုလိုက်ပါတယ်။ ယူကရိန်းကို အကူအညီပေးဖို့ ဉီးစားပေးမှာမဟုတ်ဖူးလို့ ပြောဆိုတဲ့ ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိမှုကြောင့် သူက အခုလို မေတ္တာရပ်ခံတာပါ။ ကြာသပတေးနေ့က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့တော်မှာ ဉရောပ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဉရောပသမဂ္ဂအဖွဲ့ဝင်တွေ၊ အိမ်နီး ချင်းတိုင်းပြည်တွေက ဉရောပ နိုင်ငံရေးအသိုင်းအဝိုင်းကို ထူထောင်ခဲ့တာပါ။ သူက ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြား ထားပါတယ်။ လူတိုင်းက စစ်ပွဲကို အဆုံးသတ်ချင်ပေမယ့် အဆုံးသတ်ဟာ မျှတမှုရှိရမယ်လို့ ထိပ်သီးဆွေးနွေး ပွဲအပြီးမှာ ဇီလန်စကီးက သတင်းထောက်တွေကို ပြောပါတယ်။ […]