ဇီဝဖြစ်စဉ်ကိုမြန်ဆန်စေသောအစားအစာများ အာဟာရပညာရှင်တွေက ဇီဝဖြစ်ပျက်မှုကိုမြှင့်တင်ဖို့ အကြံပေးတတ်ကြပြီး စားသုံးလိုက်တဲ့အစားအစာတွေက စွမ်းအင်ပိုမိုလောင်ကျွမ်းစေဖို့ အကူအညီဖြစ်တယ်လို့ဆိုပါတယ်။ လူတစ်ယောက်ရဲ့ ဇီဝဖြစ်ပျက်မှုက တစ်နေ့တာအတွင်း လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာကနေ အသက်ရှင်သန်ဖို့ ဆဲလ်တွေလုပ်ငန်း လုပ်ဆောင်တဲ့အထိ သုံးစွဲရတဲ့ စွမ်းအင်တွေပဲဖြစ်တယ်။ စွမ်းအင်တွေ ပိုမိုလောင်ကျွမ်းလေလေ ဇီ၀ ဖြစ်ပျက်နှုန်းများလေလေ ဖြစ်တယ်။ တက်ကြွစွာနေထိုင်တာ၊ ကြွက်သား ထုထည်များလာတာတွေက စွမ်းအင်ကို လောင်ကျွမ်းစေဖို့ အကောင်း ဆုံးပဲဖြစ်တယ်။ ဥပမာ-လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ ဇီဝဖြစ် ပျက်မှုက သာမန်အချိန်မှာထက် ၁၅ ဆပိုမြန်စေပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေက နေ့စဉ် ကယ်လိုရီ ၁၆ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်း အသုံးပြုပါတယ်။ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်နှစ်ကြိမ် ဒါမှမဟုတ် နေ့စဉ် နာရီဝက်ကနေ တစ်နာရီကြာအပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်မယ်ဆိုရင် ဇီဝဖြစ်ပျက်မှုက […]