ylliX - Online Advertising Network

Fact Check: နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးတဲ့ သတင်းတု

နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီလို့ ဆိုထားတဲ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဇန်နဝါရီ ၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့ဓာတ်ပုံနဲ့  စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နေပြည်တော် တိုက်ခိုက်ခံရ(အရေးပေါ်) စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကို PDF အလုံးရင်းနဲ့ ထိုးဖောက်နေပြီ ၊ ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒီအပြင် ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်မီဒီယာ”ရဲ့ အမည်နာမနဲ့ အမှတ်တံဆိပ်ကိုလည်း တုပထားတာတွေ့ရပါတယ်။ […]

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ – iMyanmarHouse.com

Tesla တည်ထောင်သူ Elon Musk ၏ ကြွယ်ဝမှုမှာ မကြာသေးမီက စံချိန်တင် မြင့်တက်ခဲ့ရာ ဒေါ်လာ ၄၀၀ အထက် ချမ်းသာသည့် ကမ္ဘာ့ပထမဆုံးပုဂ္ဂိုလ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ Bloomberg ဘီလျံနာညွန်းကိန်းအရ Elon Musk ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၄၄ ဘီလီယံဖြစ်ပြီး ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရောက်ရှိရန် နီးကပ်လာနေပြီဖြစ်ကြောင်း ဖော်ပြသည်။ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၃ နေရာတွင် ရပ်တည်နေသော ပုဂ္ဂိုလ် ၃ ဦးမှာ (၁) Elon Musk (၂) Jeff Bezos နှင့် (၃) Mark Zuckerberg တို့ဖြစ်သည်။ ယခုဆောင်းပါးတွင် ၎င်းတို့ ၃ ဦး၏ စံအိမ်ကြီးများအကြောင်း ဖော်ပြသွားမည် […]

Facebook မှာ AI User တွေ လာပြီ – MyTech Myanmar

Skip to content Meta က User Engagement ကောင်းစေဖို့အတွက် Facebook နဲ့ Instagram မှာ AI User တွေကို ထည့်သွင်းတော့မယ်လို့ ကုမ္ပဏီရဲ့ အရာရှိတွေက ပြောပါတယ်။ အဲဒီ AI User တွေဟာ သာမာန် အကောင့်တွေနဲ့ တူညီပြီး ပရိုဖိုင် ဓါတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ Content တွေကို ဖန်တီးနိုင်၊ မျှဝေနိုင်မှာ ဖြစ်ပါတယ်။ Meta ရဲ့ Generative AI ဌာနရဲ့ ဒုတိယ ဥက္ကဌ Connor Hayes က ဇူလိုင်လမှာ အမေရိကန်မှာ AI User တွေကို ထည့်သွင်းပေးထားပြီး AI User […]

ရွာငံတွင် စစ်ကောင်စီနှင့် DSNDA တို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မင်းပလောင် ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံး သွားကြောင်း DSNAမှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁)ရက်တွင် ရွာငံမြို့နယ် ရေလှကျေးရွာမှ စစ်ကောင်စီအင်အား (၁၁၀) ခန့်ရှိသော စစ်ကြောင်းသည် မင်းပလောင်ကျေးရွာသို့ စစ်ကြောင်းမထိုးမှီ DSNDAမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၃)ဦး သေဆုံးကာ (၅)ဦးဒဏ်ရာ ရရှိသွားခဲ့သည်။ ထို့ပြင် ဒီဇင်ဘာလ (၂၂) ရက်တွင် မင်းပလောင်ရွာကို စစ်ကောင်စီမှ မီးရှို့ခဲ့ကြောင်း လက်ရှိမှာ ကျေးရွာနေအိမ်တစ်ဝက်နီးပါး မီးလောင်နေကြောင်းလည်း DSNDA ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မင်းပလောင်ရွာက နေအိမ်တွေ မီးရှို့ခံထားရတယ် ။ခုထိ ရှို့နေတုန်း” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။ […]

အကြမ်းဖက် ရဲနှစ်ဦးကို ဖမ်းဆီးရာမှာခုခံတာကြောင့် PDF တွေ အသေပစ်ခတ်ခဲ့ရ

မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က လက်မှတ်ကုန်းနယ်မြေ ရဲစခန်းက ရဲနှစ်ဦးသည် အရပ်ဝတ်ကိုယ်စီဖြင့် သတင်းထောက်လှမ်းဖို့ထွက်လာစဉ် တော်လှန်ရေးတပ်များက ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ရဲဒုတပ်ကြပ်အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်ဆိုသူ နှစ်ဦးအား မကျည်းတိုင်း-ဖိုးကိုးလမ်းပိုင်းတွင် ဖမ်းဆီးဖို့လုပ်ရာမှာ လက်ပစ်ဗုံးဖြင့်ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရာသေဆုံးသွားကြောင်း ရေနံချောင်း PDFတာဝန်ခံ ကိုစံသျှားက ပြောပါတယ်။ ၄င်းတို့က လက်ပစ်ဗုံးနဲ့ပြန်လည်ခုခံဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်များပစ်ခတ်မှုကြောင့် တဦးက ပွဲချင်းပြီးသေကာ နောက်တဦးမှာတော့ သွေးထွက်လွန်သေကြောင်း PDFတာဝန်ခံ က ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေ့လယ် ၂နာရီခန့်မှာတော့ အင်အား ၁၅ဦးခန့်ပါ ရဲကား ၂စီးရောက်ရှိလာသော်လည်း အခင်းဖြစ်တဲ့ နေရာကိုတောင် မရောက်လာရဲဘဲ နောက်လှည့်ပြန်သွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ သေဆုံးသွားတဲ့ ရဲနှစ်ဦးထံမှ သေနတ်သိမ်းယူနိုင်ခြင်းမရှိပေမယ့် လက်ပစ်ဗုံးတစ်လုံး၊ ရဲစာရွက်စာတမ်းများနှင့် ဖုန်း သုံးလုံးသိမ်းဆည်းရမိခဲ့ကြောင်း ရေနံချောင်း […]

ဖြူးမြိုနယ်တွင် ကင်းပုန်းဝပ်ဖိုထွက်လာတဲ့ စကစတပ်ကို PDF တွေ တိုက်ခိုက်ခဲ့တယ်လို စိတ်ကူးပုံဖော်တိုက်ပွဲဖန်တီးနေတဲ့ Khit Thit

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက် လေးအိမ်စုကျေးရွာအနီးတွင် တပ်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသအတွင်းသတင်းများအရသိရှိရသော်လည်း Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်ဖန်တီးပြီး လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ Source link

မြန်မာနိုင်ငံရှိ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအား ပိုမိုကူညီထောက်ပံ့နိုင်ရန်အတွက် Rakuten Viber နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) တို့ ပူးပေါင်းဆောင်ရွက်

ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲအခမ်းအနားအား MYANWEN ၏ ဥက္ကဌနှင့် အဖွဲ့ဝင်များအပြင် MYANWEN ကွန်ယက်အတွင်းရှိ ကဏ္ဍအသီးသီးမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၅၀ ကျော်တက်ရောက် ခဲ့ကြပြီး Rakuten Viber ၏ Business Development Manager ကိုရဲထွန်းနိုင်နှင့် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အေးအေးမာတို့မှ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ Image: Rakuten Viber “Rakuten Viber အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးစွန့်ဦးတီထွင်သူတွေနဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ဆန်းသစ်တဲ့ ဆက်သွယ်ချိတ်ဆက်မှု ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးအပ်သွားဖို့ ရည်သန်လုပ်ဆောင်နေပြီး လုပ်ငန်းရှင်တွေ အနေနဲ့ ဒီလုပ်ဆောင်ချက်တွေကို အသုံးပြုပြီးတော့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ လူမှုအသိုင်းအဝန်းတွေနဲ့ ပိုမို ချိတ်ဆက်သွားနိုင်ဖို့နဲ့ ဝယ်ယူအားပေးသူ ပမာဏ […]

အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။ “BPLA နဲ့ဆိုရင်လည်း ကျွန်တော်တို့ မဟာမိတ်ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တို့ မကြာခင်မှာ BPLA နဲ့ ကျွန်တော်တို့ ကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှု စစ်ရေးအရ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါလိမ့်မယ်” ဟု […]

HyperOS Enhancer ရဲ့ အမိုက်ဆုံး Feature တွေ – Anycall Blog Website

MemeOS Enhancer က Feature တွေကိုပိုအသုံးချနိုင်ဖို့  အရင်က Xiaomi User တွေအတွက်ထုတ်ထားတဲ့  App ကနေ အခုတော့ Feature အသစ်တွေနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။ HyperOS Enhancer က Update အသစ်တွေထွက်လာရင်လည်း နောက်ဆုံးဗားရှင်းကို download လုပ်နိုင်စေမှာပါ ဒါကြောင့် Xiaomi အသုံးပြုသူများက OTA (Over-the-Air) update များကို စောင့်နေရသလိုမဟုတ်ဘဲ System optimization, Security patches နဲ့ Features အသစ်တွေကိုရရှိမှာပါ။ ကိုယ့်ရဲ့ဖုန်းက နောက်ဆုံး Android update ဒါမှမဟုတ် Highly-awaited HyperOS 2.0 ကို  တင်လို့ရမရကိုလည်း HyperOS Enhancer ကနေတစ်ဆင့်သိနိုင်မှာပါ။ HyperOS Enhancer က photo […]

မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၆၉၄ တွဲ ရောင်းချနိုင်ခဲ့

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့ကို နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်၌ ဆက်လက်ကျင်းပခဲ့ရာ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၆၉၄ တွဲ ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။ ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ (၄၈၀၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၇၄၁ တွဲကို ပြည်တွင်းရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ (၄၈၀၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ယနေ့ […]