စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ် တို့အကြားတိုက်ပွဲဖြစ်နေ၍ မြို့အဝင်အထွက်ဂိတ်ဖြစ်သည့် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း ခရီးသွားဒေသခံများကပြောသည်။ ထားဝယ်မြို့ နယ်၊ ထားဝယ် -ရေဖြူလမ်းပိုင်း မောင်မယ်ရှောင်ကျေးရွာ အနီးရှိ ဒေသအခေါ် ဟားလီး ကွေ့ တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့(ဒီဇင်ဘာ ၃) နံနက် ၆ နာရီ ခန့်ကစပြီး နံနက် ၇ ဝန်းကျင်အထိ ပစ်ခတ်မှုများဖြစ်နေကြောင်း မြို့ခံခရီးသွားများကပြောသည်။ မောင်မယ်ရှောင်ရွာထိပ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ မှစပြီး စစ်ကောင်စီတပ် က တပ်စွဲထားသည်။ The post မောင်မယ်ရှောင်တွင် တိုက်ပွဲဖြစ်နေ၍ အိမ်ရှေ့ပြင်ဂိတ်ပိတ် appeared first on Dawei Watch. Source link
ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို အတင်းရွာက ထွက်ဖို့ လှမ်းခေါ်နေရပါတယ်။ အသံတွေက အရမ်းကျယ်တာ။ […]