ylliX - Online Advertising Network

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ်ထဲ စစ်ကောင်စီ ဗုံးကြဲ – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံထိခိုက်ပျက်စီးသွားခဲ့ကြောင်း PNLA မှ ယနေ့ (ဇန်နဝါရီ ၁၅)ရက်တွင် ထုတ်ပြန်သည်။ ယမန်နေ့(ဇန်နဝါရီလ ၁၄ ရက်) ညနေ ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး နောင်ထောဝ် ရဲစခန်း အပါအဝင် ဓမ္မာရုံတစ်ခု ပျက်စီးသွားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာကြဲသောကြောင့် လူထိိခိုက်မှုမရှိသော်လည်း ဒေသခံအများစု ထပ်မံစစ်ဘေးရှောင်နေရသည်ဟု ဆီဆိုင် စစ်ရှောင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခုက တော်တော်များများ စစ်ကြိုရှောင်နေကြပြီ။ နောင်ထောဝ်မှာ ဗုံးကြဲတာက လူတော့ မထိခိုက်ဘူး။ မနေရဲဘူး ။ကြောက်တယ်။ခုက ရွာကို ပြန်လာတာ […]

ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

  ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ   နေပြည်တော်၊ ဧပြီ ၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဧပြီလ ၁ ရက်နေ့က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။ ဖြစ်စဉ်အမှန်မှာ KIA နှင့်  PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ပစ်မှတ်ထားလုပ်ဆောင်လျက် […]