ylliX - Online Advertising Network

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက El Gouna တွင် ကျင်းပသော အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၇၆)ကြိမ်မြောက် ကိုင်ရိုပြင်ပအစည်းအဝေးသို့ တက်ရောက် (၂၆-၁၂-၂၀၂၄ ရက်)

(၂၆-၁၂-၂၀၂၄ ရက်၊ ကိုင်ရို) အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် (၂၂-၁၂-၂၀၂၄) ရက်နေ့တွင် Red Sea Governorate, Hurgada မြို့နယ်ရှိ El Gouna ဒေသသို့ သွားရောက်ခဲ့ပြီး ညနေ(၁၇၃၀)နာရီအချိန်တွင် ယင်းဒေသရှိ Movenpick Hotel, Seahorse Meeting Room ၌ ကျင်းပသော အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၇၆)ကြိမ်မြောက် ကိုင်ရိုပြင်ပ အစည်းအဝေးနှင့် (၁၉၃၀) နာရီအချိန်တွင် Char Restaurant ၌ အလုပ်သဘော ညစာစားပွဲများသို့ အခြား အာဆီယံသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ သံရုံးအကြီးအကဲများက အာဆီယံနိုင်ငံများနှင့် အီဂျစ်နိုင်ငံ တို့အကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း စသည့် […]

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေ(၆၆)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် Free Land Attack Force (FLA)အဖွဲ့ဝင် ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်(၂၉)နှစ်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်(၂၃)နှစ်၊ ကျော်ဇင်ဦး(ခ) ကျောင်းဆရာ(၃၁)နှစ်၊ စိုင်းနောင်ထက်(ခ)အာကြီး(၂၇)နှစ်တို့အား ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၅၂ တောင့်၊ လက်ပစ်ဗုံး ၁ […]

လွိုင်ကော်မြို့ တွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် သက်ကြီးပိုင်းကိုပါ အတင်းအဓမ္မခေါ်ဆောင်

ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်သည် စစ်မှုထမ်းရန်အတွက် သက်ကြီးပိုင်းများကိုပါ အိမ်တွင်းထိ ဝင်ရောက်ဖမ်းစီးသွားကြောင်း စုံစမ်းသိရသည်။ (ဒီဇင်ဘာလ ပထမပတ်)တွင်စတင်ပြီး ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်)နေ့အထိ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်သည် ဖမ်းဆီးမှုများ ပိုမိုတင်းကြပ်လာပြီး စစ်မှုမထမ်းလိုသူများကို ၎င်းနေအိမ်ပိုင် ပစ္စည်များ သိမ်းယူသွားမည်ဟု လာရောက်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ရပ်ကွက်ကိုသာ အားထားပြီး ဖမ်းဆီးနေကြောင်း၊ စစ်မှုမထမ်းလိုသူများကို အိမ်တွင်းထိဝင်ရောက် ဖမ်းဆီးသွားကြောင့် ၎င်းက ဆက်ပြောသည်။ “ဖမ်းတာတော့ တော်တော်တော့ ကြာနေပါပြီ ဒီလက တော်တော်ဆိုးလာတယ်။ အိမ်ထဲထိ ဝင်ခေါ်သွားတယ်။ ဘာလိုဆို လက်ရှိလွိုင်ကော်မှာ ပြည်သူတွေ တော်တော်များများပြန်ရောက်ကုန်ပြီ အခွင့်ကောင်းယူပြီး သက်ကြီးရွယ်အိုကိုပါ ခေါ်သွားတယ်။ ဖမ်းတာက သူတို့တပ်နဲ့ […]

မလှိုင်မြို့နယ်ရုံး Community Centre တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မလှိုင်မြို့နယ်ရုံး Community Centre တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ | Ministry Of Information Skip to main content Breadcrumb Home  /  မလှိုင်မြို့နယ်ရုံး Community Centre တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ Source link

မြန်မာ အပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ICJ တွင် တရားစွဲဆိုထားမှု တရားလို ဂမ်ဘီယာ ဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက် ထား၊ တရားလိုနိုင်ငံဘက်မှ ရပ်တည်သော နိုင်ငံပေါင်း ၁၁ ခုရှိလာ – Khit Thit Media

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုတွင် တရားလိုဂမ်ဘီယာနိုင်ငံဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထားလာကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ICJ က တရားဝင်သတင်းထုတ်ပြန်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ရန် လျှောက်ထားသော နိုင်ငံပေါင်း ၁၁ ခု ရှိလာနေပြီဖြစ်ပြီး အဆိုပါနိုင်ငံများက တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ICJ တရားရုံးတွင် တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ခွင့်ပြုထားသော နိုင်ငံ ၈ ခု ရှိနေပြီဖြစ်ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ […]

International Migrants Day 2024 တွင် စင်ကာပူမြို့၊ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ

စင်ကာပူ၊ ဒီဇင်ဘာ ၁၆ စင်ကာပူနိုင်ငံလူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower-MOM) မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်ပွဲတော်ကို ၁၅-၁၂-၂၀၂၄ ရက် တွင် စင်ကာပူမြို့ Jurong Lake Gardens ၌ ကျင်းပခဲ့ရာ စင်ကာပူ အခြေစိုက် မြန်မာသံရုံးမှ ပါဝင် ဆင်နွှဲခဲ့သည်။ International Migrants Day 2024 သို့ မြန်မာသံရုံးအပါအဝင် စင်ကာမြို့အခြေစိုက် ဘင်္ဂလား ဒေ့ရှ်သံရုံး၊ တရုတ်သံရုံး၊ အိန္ဒိယသံရုံး၊ ဖိလစ်ပိုင်သံရုံး၊ သီရိလင်္ကာသံရုံး၊ ထိုင်းသံရုံး၊ ဗီယက်နမ် သံရုံး၊ အင်ဒိုနီးရှားသံရုံးနှင့် ပုဂ္ဂလိကကုမ္ပဏီများက ပြခန်းပေါင်း (၃၂) ခန်းဖြင့် ပါဝင်ပြသခဲ့ကြပြီး သက်ဆိုင်ရာ ဒေသထုတ်ကုန်များနှင့် အစားအစာများကို ခင်းကျင်းပြသခြင်းနှင့် ယဉ်ကျေးမှု […]

International Migrants Day 2024 တွင် စင်ကာပူမြို့၊ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ (၁၆-၁၂-၂၀၂၄ ရက်)

(၁၆-၁၂-၂၀၂၄ ရက်၊ စင်ကာပူ) စင်ကာပူနိုင်ငံလူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower-MOM) မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်ပွဲတော်ကို ၁၅-၁၂-၂၀၂၄ ရက် တွင် စင်ကာပူမြို့ Jurong Lake Gardens ၌ ကျင်းပခဲ့ရာ စင်ကာပူ အခြေစိုက် မြန်မာသံရုံးမှ ပါဝင် ဆင်နွှဲခဲ့ပါသည်။ International Migrants Day 2024 သို့ မြန်မာသံရုံးအပါအဝင် စင်ကာမြို့အခြေစိုက် ဘင်္ဂလား ဒေ့ရှ်သံရုံး၊ တရုတ်သံရုံး၊ အိန္ဒိယသံရုံး၊ ဖိလစ်ပိုင်သံရုံး၊ သီရိလင်္ကာသံရုံး၊ ထိုင်းသံရုံး၊ ဗီယက်နမ် သံရုံး၊ အင်ဒိုနီးရှားသံရုံးနှင့် ပုဂ္ဂလိကကုမ္ပဏီများက ပြခန်းပေါင်း (၃၂) ခန်းဖြင့် ပါဝင်ပြသခဲ့ကြပြီး သက်ဆိုင်ရာ ဒေသထုတ်ကုန်များနှင့် အစားအစာများကို ခင်းကျင်းပြသခြင်းနှင့် ယဉ်ကျေးမှု […]

KBZPay Market တွင် “12.12 Grand Sale” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ – KBZPay

၁) KBZPay Market တွင် “12.12 Grand Sale” Campaign သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့ မှ  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့ အထိ ဖြစ်ပါသည်။ “12.12 Grand Sale” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။ ၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည် ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ဤ […]

စံကားဒေသ တွင် PNO မှ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO/PNA မှ ပြည်သူပိုင် ပစ္စည်းများကို အတင်းအဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာဘက်တွင် အရပ်သားနေအိမ် အတွင်းထိ ဝင်ရောက် ခြိမ်းခြောက်ကာ တန်ဖိုးရှိ ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “နိုဝင်ဘာလ ဒုတိယပတ်ထဲမှာပဲ PNO အဖွဲ့တွေ ကျေးရွာနေအိမ်တွေထဲ ဝင်ပြီး ပိုက်ဆံရှိတဲ့ အိမ်တွေဆို တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အကုန်ယူသွားတယ်။ ဘုရားတောင်ရွာနဲ့ ဟိုတိန်ရွာဘက်မှာ မြို့နဲ့ နည်းနည်းဝေးတော့ သူတို့လုပ်ချင်သလို လုပ်ကြတယ်။ အထက်လူကြီးတွေတော့ သိမှာလည်း မဟုတ်ဘူး၊ ပစ္စည်းတန်ဖိုးက နည်းတာ […]

နေပြည်တော် MICC 2 တွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာ ဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို – Khit Thit Media

ရန်ကုန်၊နိုဝင်ဘာ ၂၆ နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းမှ သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် တော်လှန်ရေးတပ်များက ကာမီကာဇေအသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် လုံခြုံရေးအစောင့် ရဲနှင့်စစ်သားတချို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုတချို့ရှိနိုင်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် နေပြည်တော် MICC 2 အဆောက်အအုံတွင် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ် အသိုင်းအ၀ိုင်းက သားသမီး မင်္ဂလာဆောင်ကျင်းပနေချိန် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ မင်္ဂလာဆောင်သို့ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူခဲ့ကြောင်း၊ အဆိုပါ မင်္ဂလာဆောင်စောင့် လုံခြုံရေး ရဲနှင့်စစ်သားများကို အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲံခြင်းဖြစ်ကြောင်း သိရှိရသည်။ “မနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ MICC 2 […]