ylliX - Online Advertising Network

စွပ်စွဲပြစ်တင်ခံရသော တောင်ကိုရီးယားသမ္မတကို ထိန်းသိမ်းရန် နှင့် ရှာဖွေရန် တရားရုံးက ဝရမ်းထုတ်

စွပ်စွဲပြစ်တင်ခံရသော တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုအား ဖ-မ်းဆီးထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်းဆိုင်ရာ ဝရမ်းထုတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးမှ အဆင့်မြင့်အရာရှိများက ပြောကြားသည်။ “ကျွန်တော်တို့ရုံးက တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ယွန်ဆွတ်ယိုအတွက် ထိန်းသိမ်းမှုနဲ့ ရှာဖွေဝရမ်းကို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်‌ပေးခဲ့တာဖြစ်ကြောင်း တရားရုံးက အတည်ပြုပါတယ်” အဆိုပါ အရာရှိများကပြောသည်။ ဒီဇင်ဘာ ၁၄ ရက်က ပါလီမန်တွင် စွပ်စွဲပြစ်တင်ခံရသော သမ္မတ၏နောက်ထပ်လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မချရသေးကြောင်း ကိုလည်း တောင်ကိုရီးယားနိုင်ငံ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးမှ ပြောသည်။ နိုင်ငံတော်ပုန်ကန်သူဟု ယခုစွပ်စွဲခံနေရသည့် သမ္မတ၏ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရခြင်းအကြောင်းအချက်များကို အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးက စုံစမ်းစစ်ဆေးနေသည်။ နိုင်ငံတော်ပုန်ကန်မှု သို့မဟုတ် ပုန်ကန်မှုကိစ္စများတွင် လက်ရှိသမ္မတတစ်ဦးအား တရားစွဲနိုင်ရန် တောင်ကိုရီးယား အခြေခံဥပဒေအရ ခွင့်ပြုထားသည်။ သမ္မတ၏ ရှေ့နေကမူ […]

တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်းထုတ်ဖို့ စုံစမ်းရေးအဖွဲ့လျှောက်ထား

စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရဲတပ်ဖွဲ့၊ စစ်တပ် နဲ့ အဆင့်မြင့် တာဝန်ရှိသူများ ဆိုင်ရာ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး ရုံး (CIOHO) တို့နဲ့ ဖွဲ့စည်းထားပြီး ဦးဆောင်အဖွဲ့ CIOHO က ဆိုးလ်မြို့ အနောက်ပိုင်း ခရိုင်တရာရုံးမှာ လျှောက်ထားတာကို အတည်ပြုပါတယ်။  Source link

တောင်ကိုရီယားသမ္မတကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို နိုင်ငံခြား ခရီးသွားလာခွင့် ပိတ်လိုက်ကြောင်း တရားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောပါတယ်။ တရားရေး ဌာန အရာရှိ Bae Sang-up က လွှတ်တော်ကော်မတီ ကို အခုလိုပြောလိုက်တာပါ။  Source link