ylliX - Online Advertising Network

တောင်ညို PDF စစ်ကြောင်းမှ PDF ၉ ဦးထွက်ပြေး

စစ်သွေးကြွ NUG လက်အောက်ခံ တောင်ညို စစ်ကြောင်း မှ PDF အဖွဲ့ဝင် ၉ ဦး စခန်းမှ ထွက်ပြေးကြောင်း အဆိုပါ အဖွဲ့ က ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက် လက်နက်များရဲ့ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေကြောင့် pdf အများစုဟာ တော်လှန်ရေးကို စိတ်ကုန်လာပြီး အဖွဲ့တွင်းမှ ထွက်ပြေးသူများပြားလျက်ရှိတယ်လို့လည်း သိရှိရပါတယ်။ Source link

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်း ကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၇.၁၁.၂၀၂၄) ရက်နေ့ (၁၀:၀၀)မှ (၁၂:၀၀)အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲ၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_nov_2024 Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link

ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ (၂၃-၁၀-၂၀၂၄) ရက်နေ့ (၁၀:၀၀) မှ (၁၂:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညိုအခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး မျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #‌npw_oct_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ) Source link