ပုသိမ်၊ အောက်တိုဘာ ၂၅ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်း၌ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့်တွေ့ဆုံပွဲ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ရှာဖွေဖော်ထုတ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်မှုများ၊ ဖွဲ့စည်းမှုများနှင့် စခန်းသွင်းလေ့ကျင့်မှုများအား ကြိုတင်ပြင်ဆင်ခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်သည့်နည်းပြများ၊ နည်းစနစ်မှူးများက စနစ်တကျလေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားကောင်းများ ထွက်ပေါ်လာရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အားနည်းချက်များကိုပြင်ဆင်ပြီး အောင်မြင်မှုပန်းတိုင်ရောက်အောင် ဆောင်ရွက်ကြရန်နှင့် အားကစားသမားများ ကိုယ်ကာယကြံခိုင်ရေးအစားအသောက်မှစ၍ ဂရုပြုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မိမိတို့တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် […]