ဒေါက်တာမျိုးကြွယ် နိုင်ငံတကာစိုက်ပျိုးရေးပညာသင်ကြားသော တက္ကသိုလ်များရှိ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသော သီးခြားဌာနများ (Separate Departments)၊ အထူးပြုဘာသာရပ်အသစ်များ(New Majors/Specializations) (အဆက်) နိုင်ငံတကာတက္ကသိုလ်များတွင် စိုက်ပျိုးမွေးမြူရေးပညာကို ပုံစံအမျိုးမျိုးနှင့် ဖွဲ့စည်းပုံအမျိုးမျိုးဖြင့် ဆောင်ရွက်နေပါသည်။ (၁) လူအမည်၊ ပြည်နယ်၊ မြို့/ရွာ၊ နိုင်ငံအမည်အစွဲပြုပြီး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Agricultural University/University of Agriculture) ခေါ်လေ့ရှိပါသည်။ ဥပမာ-ဆိုကိုင်းစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် တန်ဇန်းနီးယားနိုင်ငံ (ဒုဝန်ကြီးချုပ်အမည်ကို ဂုဏ်ပြုထား) (Sokoine University of Agriculture, Morogono City, Tanzania)၊ ဘိုဂါစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ဘိုဂါမြို့ အင်ဒိုနီးရှားနိုင်ငံ (ဘိုဂါမြို့ကို ဂုဏ်ပြုထား) (Bogor Agricultural University, Bogor City, Indonesia)၊ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ပန်ဂျပ်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (ပန်ဂျပ်ပြည်နယ်ကို ဂုဏ်ပြုထား) (PAU […]