ကျယ်လောင်လှတဲ့ လေယာဉ်အင်ဂျင်စက်သံဟာ စိတ်ဆိုးဒေသထွက်နေသည့်အလား သျှမ်းပြည်မြောက်ပိုင်းက မြို့ကြီးတွေပေါ်ကို ညသန်းခေါင် လူအိပ်မောကျချိန် ဖြတ်ကျော်ပျံသန်းပြီး မီးလောင်ပေါက်ကွဲစေတဲ့ ဗုံးတွေကို အဆက်မပြတ် ကြဲချတိုက်ခိုက်နေပါတယ်။ စစ်ဘီလူး လုပ်ထုံးအတိုင်း တိုင်းသူပြည်သားတွေကို ညှာတာထောက်ထားမှုမရှိတဲ့ စစ်ကောင်စီတပ်ဟာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်တွေထံ ဆုံးရှုံးလိုက်ရတဲ့ မြို့ရွာတွေကို ညစဉ်နီးပါး လေကြောင်းဗုံးကြဲနေတာပါ။ “ညသန်းခေါင် လူအိပ်ပျော်နေတဲ့အချိန်ဆို လေယာဉ်လာတတ်တယ်။ အဲ့တာကြောင့် အိပ်ပျော်အောင် မအိပ်ရဲဘူး၊ ဘယ်အချိန် ကိုယ့်အလှည့်ရောက်မယ် မပြောတတ်ဘူးလေ။ စိုးရိမ်တာတော့ မိုးပေါ်ကနေ ဗုံးကြဲတာဆိုတော့ ပစ်မှတ်လွဲရင် ကိုယ့်အိမ်ပေါ် ကျကွဲမှာပဲ။ နေ့တိုင်း ကြောက်စိတ်နဲ့ နေရတယ်”လို့ ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ နေထိုင်တဲ့ စိုင်းလူက ပြောပါတယ်။ စစ်ကောင်စီလေကြောင်းကြောင့် ပျက်စီးသွားသည့် လားရှိုးအရပ်သားနေအိမ်များ စက်တင်ဘာ […]