သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလအထိ ၆ လကျော်ကြာ ထိတွေ့တိုက်ပွဲ ပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်အတွင်း အဆိုပါ တိုက်ပွဲသည် လက်ရှိအချိန်ထိ ၂ ပတ်တာခန့် ငြိမ်သက်ခဲ့သော်လည်း ဘန့်ဘွေးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သက် ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင်း ပြည်သူနေအိမ်များ ထပ်မံပျက်စီးနေကြောင်း နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တိုက်ပွဲက ဩဂုတ်လကတည်းက ဖြစ်တာ၊ ခုဆို ၆ လကျော်နီးပါးလောက် ရှိနေပြီ။ ခုက တိုက်ပွဲငြိမ်သွားတာ ၂ ပတ်လောက်ရှိပြီ၊ စစ်တပ်ဘက်ကပဲ လက်နက်ကြီးနဲ့ ပစ်နေတာ နေ့တိုင်းလိုလိုပဲ။ ဘန့်ဘွေးရွာကနေ ၂၅ ရက်ကနေ ၃၁ […]