ylliX - Online Advertising Network

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ ဒုတိယနေ့ တွေ့ဆုံပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၆   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ဆက်လက် ကျင်းပသည်။   တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၅၁ ပါတီမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။တွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ အပြင် ရွေးကောက်ပွဲနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာကိစ္စ၊ အထွေထွေကိစ္စရပ်များကို ဆက်လက်ဆွေးနွေး ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးကြသည်။ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် […]

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲ တက်ရောက်

ပုသိမ်၊ အောက်တိုဘာ ၂၅ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်း၌ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအားကစားနည်းအလိုက် အသင်းတာဝန်ခံများနှင့်တွေ့ဆုံပွဲ  တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ရှာဖွေဖော်ထုတ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လူရွေးချယ်မှုများ၊ ဖွဲ့စည်းမှုများနှင့် စခန်းသွင်းလေ့ကျင့်မှုများအား ကြိုတင်ပြင်ဆင်ခြင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျွမ်းကျင်သည့်နည်းပြများ၊ နည်းစနစ်မှူးများက စနစ်တကျလေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ပြီး တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားကောင်းများ ထွက်ပေါ်လာရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အားနည်းချက်များကိုပြင်ဆင်ပြီး အောင်မြင်မှုပန်းတိုင်ရောက်အောင် ဆောင်ရွက်ကြရန်နှင့် အားကစားသမားများ ကိုယ်ကာယကြံခိုင်ရေးအစားအသောက်မှစ၍ ဂရုပြုဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မိမိတို့တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် […]