လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၄) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ (အ.လ.က.နောင်သင်ခါ)၊ အခြေခံပညာအလယ် တန်းကျောင်း၌ ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာများမှ အရာထမ်း/ အမှုထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူစုစုပေါင်း (၃၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_Dec_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး Source link
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၂၄) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၅) နာရီအထိ တပ်ကုန်းမြို့နယ်၊ နွယ်ရစ် ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာရှိ အ.လ.က ကျောင်းဝန်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးဇော်မိုးလွင်၊ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လ/ ထ ညွှန်မှူး ဦးကျော်နိုင်ဦး၊ အမှတ် (၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (တပ်ကုန်း) မှ ရဲအုပ် ဝေဖြိုးဦး၊ ရွှေမြို့နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထား၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးမိုးအေး နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၄၀၀) […]
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၂၄)ရက်နေ့၊ (၁၃:၀၀) မှ (၁၅:၀၀)နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ (အ.လ.က.၁) တပ်ကုန်း၊ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲ၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ သူ စုစုပေါင်း (၂၀၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_nov_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link
တပ်ကုန်း၊ နိုဝင်ဘာ ၃ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် တန်ဆောင်တိုင်ပွဲတော်ကြီးတွင် မြန်မာ့ရိုးရာ နွားအလှနှင့်ဒုန်းသိုင်းပြိုင်ပွဲ ထည့်သွင်းကျင်းပယှဉ်ပြိုင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါညှိနှိုင်းအစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မြန်မာ့ရိုးရာယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲ၊ ဒုန်းသိုင်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အခြားမြို့နယ်များမပါဘဲ တပ်ကုန်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာမှာရှိကြတဲ့ တောင်သူများ၏ နွား၊ လှည်းယဉ်များကိုသာ ပြိုင်ဆိုင်ခွင့်ပြုသွား မည့်ဖြစ်ပါကြောင်း၊ ဆုကြေးများကို (ပ၊ ဒု၊ တ)ဆုကြီးများအပြင် နှစ်သိမ့်ဆုများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက မြန်မာ့ရိုးရာဓလေ့ပြိုင်ပွဲများ ဖော်ဆောင်ပေးခဲ့ရာမှာ မြို့နယ်အတွင်းရှိ တောင်ပေါ်၊ မြေပြန့်ကျေးရွာများပါမကျန် မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲ၊ ဒုန်းသိုင်းပြိုင်ပွဲများ ထည့်သွင်းကျင်းပကြောင်း ပြည်သူများ သိရှိစေရေး၊ ကျေးရွာပေါင်းစုံ ပါဝင်ယှဉ်ပြိုင်စေရေး၊ […]
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၉-၁၀-၂၀၂၄) ရက်နေ့ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ (အ.ထ.က.၁) အခြေခံပညာအထက်တန်းကျောင်း၌ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_oct_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link
တပ်ကုန်း၊ အောက်တိုဘာ ၁၆ ပြည်ထောင်စူနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) မှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန် ၁၅ ကီလိုဂရမ် (၇ ပြည် ၄ ဗူး)၊ အာဟာရဖြည့်ဘီစကစ် ၁၅ ထုပ်၊ ကိုယ်ဝန်ဆောင် (သို့မဟုတ်) နို့တိုက်မိခင်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ်၊ ၆ လမှ ၅၉ လ အရွယ် ကလေးငယ်တစ်ဦးလျှင် ဖြည့်စွက်အာဟာရမှုန့် (နို့ပါဝင်သော) ၁.၅ ကီလိုဂရမ်ပါ ၂ ထုပ် […]
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ (၁၁-၉-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၃၀၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၇၀၀၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၀၇၆၇၈/-)၊ (၃၀၇) အိမ်ထောင်စုစာ (၃၃၀၅၇၁၄၆/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၆၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၁၀၀၀၀၀/-) တို့အား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြတ်အောင်ဌေး၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်အတူ (၁၂-၁၀-၂၀၂၄) ရက်နေ့၊ (၁၁:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_oct_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link