ylliX - Online Advertising Network

သတင်းအမှားများဖြင့် တပ်မတော်ကို အပုတ်ချ‌နေတဲ့ ခေတ်သစ်မီဒီယာ

မကွေးတိုင်း၊ ကမ္မမြို့ပေါ်မှာ တပ်မတော်စစ်ကြောင်းတပ်စွဲထားတဲ့ ကမ္မရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ Khit Thit မှ သတင်းအမှားရေးသားထားပါတယ်။ ဖြစ်စဉ်အမှန်»»» ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မကွေးတိုင်း၊ ကမ္မမြို့ပေါ်အတွင်းရှိ တပ်မတော်လခရစခန်းအား PDF များမှ ရမ်းသမ်း၍ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသအတွင်းသတင်းများအရသိရှိရသည်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူပိုင်ပစ္စည်းခိုးယူနေတယ်လို့ တမင်အပုတ်ချကာ လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ Source link

တပ်မတော်ကို ပြည်သူတွေအထင်မှားအောင် သတင်းတုတွေနဲ့ အဆိပ်ခတ်နေတဲ့ မြေလတ်အသံ

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့မရွာက စစ်မှုထမ်းကြေးမပေးတဲ့ ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြေလတ်အသံမှ သတင်းအတုရေးသားထားကြောင်း သိရှိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့မရွာနေ ဒေသခံ ပြည်သူအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း ဒေသအတွင်းသတင်းများအရသိရှိရပါတယ်။ မြေလတ်အသံမှ ဖြစ်စဉ်မရှိဘဲ အများပြည်သူအထင်လွဲမှားအောင် တပ်မတော်ကို တမင်အပုတ်ချပြီး လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ Source link

တပ်မတော်က တွင်တွင်ကျယ်အသုံးပြုလာတဲ့ ဒရုန်းကဏ္ဍ

Mission Accomplish ဒီပုံလေးတွေကတော့ နောင်ချို၊ ဂန့်ဂေါ်ဘက်က ရန်သူ့ Drone Jammer တင်ယာဉ်အား ဗုံးကြဲတိုက်ခိုက်မှု ပုံလေးတွေဖြစ်ပါတယ်။ Jammer ယာဉ်ပျက်စီးသွားခဲ့ပြီး မြေပြင်တပ်တွေလည်း ဝင်ရောက်ရှင်းလင်းနေပါပြီ။ Source link