မြန်မာစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကြည့်မယ်ဆိုရင် တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်စလုံး အကျိုးစီးပွားအပေါ်မှာ တည်နေတယ်လို့ သုံးသပ်ယူဆကြပါတယ်။ တရုတ်ဘက်က ပထဝီအကျိုးစီးပွားရှိသလို၊ စစ်ကောင်စီဘက်မှာလည်း လုံခြုံရေးဆိုင်ရာအကူအညီလိုအပ်ချက်ကြောင့် ဖြစ်မယ်လို့ ယူဆကြတာပါ။ Source link
မြန်မာစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကြည့်မယ်ဆိုရင် တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်စလုံး အကျိုးစီးပွားအပေါ်မှာ တည်နေတယ်လို့ သုံးသပ်ယူဆကြပါတယ်။ တရုတ်ဘက်က ပထဝီအကျိုးစီးပွားရှိသလို၊ စစ်ကောင်စီဘက်မှာလည်း လုံခြုံရေးဆိုင်ရာအကူအညီလိုအပ်ချက်ကြောင့် ဖြစ်မယ်လို့ ယူဆကြတာပါ။ ကိုဝင်မင်းဆက်သွယ်မေးမြန်းထားပါတယ်။ တရုတ်ဝန်ကြီးချုပ် Li Qiang က တရုတ်ရဲ့ အိမ်နီးချင်း သံတမန်ရေးမှာ မြန်မာကို အရေးပါတဲ့နေရာ အမြဲထားပြီး နိုင်ငံရေးပြန်လည်သင့်မြတ်ရေးနဲ့ အပြောင်းအလဲတွေ ဖြစ်ရေး ကူညီနေတယ်လို့ပြောပြီး၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ ငြိမ်းချမ်းသင့်မြတ်ရေးနဲ့ လူမူစီးပွားအကူအညီပေးတာကို ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တာကို Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုလို တရုတ်ကနေ ဖိတ်ခေါ်မှာကို အာဏာသိမ်းပြီးကတည်းက ကြိုးပမ်းလာပေမဲ့ အရင်တောက်လျှောက် ငြင်းပယ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာ နှစ်ဖက် ပြောင်းလဲလာတာကို အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ USIP က မြန်မာဆိုင်ရာ ညွန်ကြားရေးမူး […]