(၂၆-၁-၂၀၂၅ ရက်၊ ကူမင်း) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သည် ကူမင်းမြို့ရှိ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော တရုတ်နှစ်သစ်ကူးပွဲတော်တွင် ယဉ်ကျေးမှုအနုပညာပြခန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများဖြင့် ပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါယဉ်ကျေးမှုပွဲတော်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးတို့အကြား စီးပွားရေး၊ လူမှုရေးပိုမိုတိုးတက်လာစေရန်၊ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုဖလှယ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယူနန်နိုင်ငံခြားရေးရုံးနှင့် ယူနန်ပြည်နယ်အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်သည့် အနုပညာပစ္စည်းများ၊ အစားအသောက်များကို ပါဝင်ပြသခဲ့ပြီး၊ အနုပညာဖျော်ဖြေတင်ဆက်မှု၌ နိုင်ငံအလိုက် မိမိတို့ရိုးရာ တေးသီချင်း၊ ယဉ်ကျေးမှုအကများဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်လည်း မြန်မာပြခန်း၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး၊ မြန်မာ့ရိုးရာလက်ဖက်သုပ်၊ ထိုးမုန့်နှင့် မြန်မာလက်ဖက်ရည်တို့ကို မိတ်ဆက်ပေးခဲ့ပြီး၊ […]