ylliX - Online Advertising Network

တရုတ်ပြည်မှာ တိမ်တွေပေါ်က ဖြတ်သန်းမောင်းနှင်ရတဲ့ အံ့မခန်းတံတားကြီး၊ ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံး တောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထား – iMyanmarHouse.com

တရုတ်ပြည်၏ ဗိသုကာပညာအဆင့်အတန်းမှာ မြင့်သည်ထက်မြင့်လာသည်။ တရုတ်ပြည် တောင်တန်းထူထပ်သည့် ပြည်နယ်တစ်ခုဖြစ်သော ဟူနန်ပြည်နယ်တွင် အိုင်ကျိုင်း (矮寨) အမည်ရှိ သံမဏိကြိုးတံတားကြီးတစ်ခု ရှိသည်။ New China TV က ဖော်ပြသော ဗွီဒီယိုဖိုင်တစ်ခုတွင် ရင်သပ်ရှုမောဖွယ်ခမ်းနားလှသော တံတားကြီး၏ အလှကို တွေ့ရပြီး သတင်းမီဒီယာတို့က ကမ္ဘာပေါ်တွင်အလှပဆုံးတံတားဟု တင်စားကြသည်။ အိုင်ကျိုင်းတံတားကြီးသည် ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံးတောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထားသည်။ ဂင်းနက်စံချိန်မှတ်တမ်းတွင် ဖော်ပြထားသော အိုင်ကျိုင်း၏ အထင်ကြီးလောက်ဖွယ် အချက်အလက်များမှာ ပင်မတံတား၏အလျား ၁၁၇၆ မီတာ (၃၈၅၈ ပေ) နှင့် deck ၏ အမြင့် ၃၃၆ မီတာ (၁၁၀၂ ပေ) ရှိကြောင်း သိရသည်။ (တောင်စောင်း ၂ ခု၏ ဥမင်များအကြား ဆက်သွယ်ပေးထားခြင်းဖြစ်သည်)   […]