မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပုသိမ် – မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ နှစ်ထောင် နီးပါး တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ပွင့်ဖြူမြို့အနောက်ဘက်ခြမ်း ၁၈ မိုင်ခန့်အကွာ ပုသိမ် – မုံရွာလမ်း မဲဇလီစခန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာ ၉ ရက်ကတည်းက မြို့အနီးဝန်းကျင် ကျေးရွာများဖြစ်သော ကျွဲခြံနှင့် လယ်မကျေးရွာတို့ကို လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးသီးချခြင်းတို့ ပြုလုပ်နေသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂) နေ့လယ်က မြေပြင်တိုက်ပွဲမရှိဘဲ ကျွဲခြံနှင့်လယ်မရွာ ဝန်းကျင်သို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံတို့မှာ နေရပ် မပြန်ရဲသေးဘဲ ဘေးလွတ်ရာများ တွင် […]
ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရမှုကြောင့် အီလွန်မက်၏ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၂၆ ဒသမ ၅ ဘီလီယံ တိုးလာ ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အတွက် ၎င်းကို ငွေကြေးအရ ထောက်ပံ့မှုများပေးသည့် အီလွန်မက်၏ ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ ၂၆ ဒသမ ၅ ဘီလီယံအထိ တိုးလာကြောင်း သိရသည်။ အထူးသဖြင့် အီလွန်မက်ပိုင်ဆိုင်သော တက်စလာ ကုမ္ပဏီရှယ်ယာက ၁၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာသည့်အတွက် အီလွန်မက်၏ ချမ်းသာကြွယ်ဝမှုမှာလည်း ဒေါ်လာ ဘီလီယံ ၂၉၀ အထိ ရှိလာပြီဖြစ် ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။ အီလွန်မက်သည် ဇူလိုင်လမှစ၍ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း တရား […]