RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။ NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားချုပ်နှောင်ခံရသူများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး ထပ်မံတောင်းဆိုထားပြီး၊ ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်ရန် ဆောင်ရွက်သွားမည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားချင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအားကောက်နုတ်တင်ပြအပ်ပါသည်။ #RedNewsAgency #RNA #REDNEWS #NUG Source link
RNA_ဇန်နဝါရီ(၃)၊၂၀၂၅ခုနှစ်။ ကယန်းအမျိုးသားတပ်မတော် (KNA) ၂၁၀၄ တပ်ရင်းမှ တပ်ခွဲမှူး ခွန်းလှမိုးသည် ဇန်နဝါရီလ ၁ ရက်နေ့ မိုးဗြဲတိုက်ပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် ကယန်းလူမျိုးများအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။ Source link
RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မွန်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့၏ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ဖွဲ့ပေါင်းပြီး ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ထိုအစည်အးဝေးတွင် မွန်တော်လှန်ရေးတပ်များအားလုံး တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး အကောင်အထည်ဖော်ရန် သဘောတူခဲ့ပြီး ပထမအဆင့်အနေဖြင့် တပ်ဖွဲ့ (၄) ဖွဲ့မှ ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု သဘောတူခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။ #RedNewsAgency #REDNEWS #RNA Source link
တိုင်းရင်းသား အဖွဲ့တွေ အပေါ် တရုတ်နိုင်ငံရဲ့ဖိအားက အမြင့်ဆုံး အဆင့် ကျရောက်နေပေမယ့် အာရက္ခတပ်တော် (AA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပေါ် သက်ရောက်မှုမှာတော့ အကန့်အသတ်ရှိတယ်လို့ နိုင်ငံရေးသုတေသီတွေက ဗွီအိုအေကို ပြောပါတယ်။ Source link