DKBA လက်နက်ကိုင်အဖြစ်မှ ကြို့ပင်ကောက် PDF ထံ ကူးပြောင်းလာသူသုံးဦးက ကြို့ပင်ကောက် PDF နှစ်ဦးကို သတ်ဖြတ်ကာ လက်နက်ခဲယမ်း ယူဆောင်ထွက်ပြေး – Myanmar Transparency News Source link
နေပြည်တော်၊ ဒီဇင်ဘာ ၂၀ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့် ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။ ထို့နောက် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အိမ်နီးချင်းကောင်း မိတ်ဆွေ ကောင်းနိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက် ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်သည့်အခြေအနေများ၊ ချစ်ကြည်ရေးတံတားမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ ကူးလူး ဆောင်ရွက်မှုများကြောင့်နှစ်နိုင်ငံနှင့် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်နိုင်မည့် အခြေအနေများ၊ အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင် ရေး၊ ခရီးသွားလုပ်ငန်းများတိုးတက်စေရေးအတွက် လေကြောင်းတိုက်ရိုက် ပျံသန်း မှုများ […]
နေပြည်တော်၊ ဒီဇင်ဘာ ၂၀ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. CHENG Manith သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ် လွှာကိုပေးအပ်သည်။ ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် နိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ပိုမိုတိုးတက်အောင်ဆောင်ရွက် သွားမည့် အခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအပြန် အလှန်ဖလှယ်ရေးနှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှစ် (၇၀) ပြည့်အခမ်းအနားကို အနှစ်သာရရှိရှိဖြင့် ကျင်းပနိုင်ရေးကိစ္စရပ်များ၊ […]
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုတွင် တရားလိုဂမ်ဘီယာနိုင်ငံဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထားလာကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ICJ က တရားဝင်သတင်းထုတ်ပြန်သည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ရန် လျှောက်ထားသော နိုင်ငံပေါင်း ၁၁ ခု ရှိလာနေပြီဖြစ်ပြီး အဆိုပါနိုင်ငံများက တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ICJ တရားရုံးတွင် တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ခွင့်ပြုထားသော နိုင်ငံ ၈ ခု ရှိနေပြီဖြစ်ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ […]
ဟင်္သာတ၊ ဒီဇင်ဘာ ၁၆ ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ရန်ကုန်ဈေး ကွက်သို့ နိုဝင်ဘာလအတွင်း ပဲတီ စိမ်း ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပဲအမျိုးမျိုး ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်အေးမြတ်က ပြောပြသည်။ ဟင်္သာတမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ အောက်တိုဘာလ အတွင်း ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၄၀၀၀၀ သာ တင်ပို့ ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာ ၁ ရက် မှ ၃၀ ရက်ထိ ပဲတီစိမ်း ၁၆ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဟင်္သာတမြို့ နယ်ကနေ ရန်ကုန် ဈေးကွက်ထဲကို နိုဝင်ဘာလထဲ မှာ […]
မကွေးတိုင်း၊ ထီးလင်းမြို့အနီး စစ်ကြောင်းမှူး ဗိုလ်ကြီး ညောင်ဦး(ခ)အောင်စိုးဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး ၁ဦးဖမ်းဆီးခံရကြောင်း အစီအရင်ခံစာဟာ တော်လှန်ရေးတပ်တွေထံ ပေါက်ကြားခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ထီးလင်းမြို့မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး ဦးစီး စစ်သားနဲ့ ပျူစောထီး ၈၀ ဦးပါ စစ်ကြောင်းဟာ တော်လှန်ရေး တပ်ဖွဲ့များ ခြေကုပ်ယူထားသော စခန်းကြီးဘက်ကို တက်လာစဉ် ဂန့်ဂေါခရိုင်တပ်ရင်း ၂ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ ၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၈ နှင့် ထီးလင်းမြို့နယ် ဒရုန်းတပ်ဖွဲ့တို့က […]
ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။အလင်းဝင်တပ်သား(၆)ဦးထဲက (၁)ဦးဟာ MA1 (၁)လက် ၊ ကျည်ဘောက်(၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ကျန်လူများမှာ စစ်မှုထမ်းစုဆောင်းခံရပြီး ရှေ့တန်းသို့ပို့ဆောင်ခံရတဲ့ တပ်သားသစ်တွေဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူကာကွယ်ရေးတပ်မတော် ဒေါတပ်ရင်းထံ အလင်းဝင်ရောက်သောတပ်သားများမှာ တပ်သားဝေဖြိုး ၊ တပ်သားဖြိုးမင်းအောင် (စစ်မှု့ထမ်းအပတ်စဉ်-၂) ၊ တပ်သားကရင်လေး (စစ်မှု့ထမ်းအပတ်စဉ်-၂)တပ်သားရဲမင်းမောင် (စစ်မှု့ထမ်းအပတ်စဉ် – ၁)၊ တပ်သားသန်းတိုးအောင်(စစ်မှု့ထမ်းအပတ်စဉ် – ၁) ၊ တပ်သားဖြူဖွေး ( စစ်မှု့ထမ်းအပတ်စဉ် – ၁) တို့ဖြစ်တယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခံရသူတွေဟာ အခုအချိန်မှာ ရှေ့တန်းနယ်တွေမှာ တာဝန်ထမ်းဆောင်နေတာကို မြင်နေတွေ့နေရပြီဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှု့ထမ်းအမိန့်ကြေညာချက်များကြောင့်အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် […]
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖီမော်မြို့၊ ကန်ဖန်းရွာက အလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို KIA က ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ရက်နေ့က ကချင်အထူးဒေသ(၁)ရှိ BGF လက်အောက်ခံ ဖီမော်မြို့၊ ကန်ဖမ်းရွာကို KIA က ဝင်ရောက်လာစဉ် လက်နက်ချ အလင်းဝင်ခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀၀ကျော်ကို KIA က ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ လက်နက်မချတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်အချို့က ကန်ဖန်းရွာအနီးရှိ ချောင်းတွင်းကို သေနတ်များစွန့်ပစ် ထွက်ပြေးသွားတာကြောင့် KIA၊ KPDF တပ်ဖွဲ့တွေ ဆယ်ယူခဲ့ရပါတယ်။KIA ပူးပေါင်း တပ်ဖွဲ့များ ကန်ဖန်းရွာကို ဝင်ရောက်လာစဉ် ဒေသပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပြီး အဲ့ဒီရွာကို KIA က ထိန်းချုပ်ထားပါတယ်။အဆိုပါ BGF […]
ချင်းပြည်နယ်၊ ပလက်ဝအခြေစိုက်တပ်များမှ ဗိုလ်မှူး ၂ဦး ဦးဆောင်ပြီး အရာရှိစစ်သည် ၆၁ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG ထံ အလင်းဝင်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်တဲ့ အရာရှိနဲ့စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နဲ့ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်တဲ့ ၂၆ ဦးပါ တပ်ဖွဲ့တို့က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက NUG ကာကွယ်ရေးဝန်ကြီးဌာနထံအလင်းဝင်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်သူ့အာဏာကို မတရားရယူခြင်း ပြည်သူ မတရားညှဉ်းပန်းနှိပ်စက်တာ ပြည်သူကို မတရားသတ်ဖြတ်တာတွေကို မြင်တွေ့ ကြားသိနေရတာကြောင့် စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေမှုတွေကို လက်မခံနိုင်တော့ဘဲ ပြည်သူ့ရင်ခွင် CDM ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ CDM ဗိုလ်မှူး အောင်မျိုးသွင်က ပြောပါတယ်။ပြည်သူ့ရင်ခွင် ခိုလှုံလာသော အရာရှိနဲ့ စစ်သည် စုစုပေါင်း ၆၁ […]