ပွင့်ဖြူ , ဒီဇင်ဘာ ၄ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်သွားနိုင်ရေးအတွက် ဖွဲ့စည်းထားရှိသော မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေနှင့် လုံခြုံရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များအနေဖြင့် လိုက်နာရမည့် သစ္စာအဓိဋ္ဌာန်(၅)ချက်နှင့် ကျင့်ဝတ်ဆောင်ပုဒ်များကို စည်းကမ်းတကျ လေးစားလိုက်နာကြရန် လိုအပ်ကြောင်း၊ ပေးအပ်ထားသော လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ ပြည်သူများအပေါ် ငွေကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သော ပြုမူလုပ်ဆောင်ခြင်းများကို […]