ylliX - Online Advertising Network

နောင်ချို၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား – Khit Thit Media

နောင်ချို၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများဖြစ်ဆက်လက်ပြင်း ထန်နေပြီး စစ်သားများထိခိုက်သေဆုံးမှု များပြားကာ ရှေ့တန်းရောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် စစ်အသုံးအဆောင်များ လိုအပ်နေ၍ ကူညီပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ လက်ရှိအချိန်အထိ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသတွင် တိုက်ပွဲများဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိသည့်အပြင် မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများရှိကြောင်း၊ ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ကျောက်မဲရိုင် PDF တပ်ဖွဲ့နှင့် ERO တပ်ဖွဲ့များ ပူး ပေါင်းကာ ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။ […]

မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွား၊ ရေစကြိုတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ – Khit Thit Media

မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွား၊ ရေစကြိုတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွားကြောင်း Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သီတာယုမွန် ဦးဆောင်သော ပျူစောထီး အင်အား ၂၅၀ ခန့်နှင့် […]

မင်္ဂလာဒုံမြို့နယ် စစ်တပ်ဝန်ထမ်းအိမ်ယာ ဂိတ်ကို မိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၄ဦး ထိခိုက်

မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၄ဦးထိခိုက်သွားကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းကထုတ်ပြန်ပါတယ်။မနေ့က နိုဝင်ဘာလ ၇ရက် ည ၇နာရီ ၁၀မိနစ်ခန့်မှာ မင်္ဂလာဒုံမြို့နယ်၊ နိုင်ငံရေးမှတ်တိုင်အနီးရှီ အိမ်ထောင်သည်ဝန်ထမ်းအိမ်ယာ လုံခြုံရေးဂိတ်ကို R.U.C စစ်ကြောင်းက ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဆိုပါဖော်ခွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး ထိခိုက်ခဲ့ပြီး ဆက်လက်ပြီး အဆိုပါ ၄ဦးကို ရုံးအတွင်းခေါ်ဆောင်သွားပြီးစစ်ကောင်စိတပ်ဖွဲ့ဝင်အချင်းချင်းဆဲဆိုသံများကြားရကြောင်း မြေပြင်တန်ပြန်ထောက်လှန်းရေးရဲ့ သတင်းပို့ချက်အရ သိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။၎င်းပစ်မှတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ မိသားစု၊ အိမ်ထောင်သည်လိုင်းခန်းဖြစ်ပြီး (လေတပ်) မိသားစုဝင် များလည်း နေထိုင်လျက်ရှိကြောင်း သတင်းရရှိမှုကြောင့် ရှေ့တန်းမြေပြင်မှာ လက်နက်မဲ့ ပြည်သူတွေကို ရက်စက်နေတဲ့ စစ်တပ်ရဲ့ အကျည်းတန်လုပ်ရပ်တွေကို ရပ်တန့်စေလိုတဲ့အတွက် […]