ကရင်နီပြည် စစ်ရှောင်များ နေထိုင်နေသည့် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင်း စစ်ရှောင်ဒဏ်ရာရရှိသူ ရှိသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)နေ့ ညနေပိုင်းအချိန်တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ကလည်း လာကြဲသွားတယ်။ နေ့တိုင်းဆက်တိုက် လေယာဉ်နဲ့ လာကြဲတာ တချို့နေရာက ဖုန်းလိုင်းမရတော့ ဆက်သွယ်လို့ မရတဲ့နေရာလည်း ရှိတယ်။ စစ်ရှောင်စခန်းကို သူတို့ ဦးတည်ပြီး လာကြဲတယ်လို့ ပြောလို့ရတယ်။ ဒဏ်ရာရတဲ့သူလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။ ဒီးမော့ဆို စစ်ရှောင်စခန်း ဗုံးကြဲခံရ ထို့အပြင် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃၁ ရက်) နှစ်သစ်ကူးညတွင် […]
ပခုက္ကူနှင့် ဆားလင်းကြီးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ရန်ကုန်၊ နိုဝင်ဘာ ၂၇ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီး စခန်းဂိတ်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း […]
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ကန်နီရွာရှိ စစ်အုပ်စု တပ်စွဲထားရာ နေရာတွကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။အဆိုပါတိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့ဖွဲ့စည်းခြင်း ၃ လပြည့်အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ လျှက်စည်းပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက် ကျားတပ်ဖွဲ့၊ နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း(၁) နှင့် ပခုက္ကူခရိုင်တပ်ရင်း(၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ Continue Reading Source link