ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုလို့ ဒေသခံ (၁၀)ဦးသေဆုံးပြီး (၂၀)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅) လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်မှာ မနေ့က နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆နာရီခွဲအချိန် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဲ့ဒီရပ်ကွက်ရှိ ဒေသခံ (၁၀) ဉီးထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းတွေကို လိုက်လံရှာဖွေရှင်းလင်းနေတယ်လို့ သိရပါတယ်။၎င်းဗုံးကြဲတိုက်ခိုက်မှုဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA က စစ်ရေးတင်းမာမှုတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ TNLA ဘက်က ဗုံးကြဲခံပြည်သူတွေကို […]