ylliX - Online Advertising Network

“နိုင်ငံစုံ အစုအဖွဲ့အများမှ နုတ်ထွက်မှု” ထရမ့် ပြန်လည်စတင်ဆောင်ရွက်၊ ထို့အပေါ် ကုလသမဂ္ဂ ပြင်ဆင်ပြီးပြီလော

ကုလသမဂ္ဂ/ဂျီနီဗာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်၏ ဇန်နဝါရီ ၂၀ ရက် တာဝန်ထမ်းဆောင်သည့်နေ့တွင် ရေးထိုးခဲ့သော အမိန့်ကြေညာချက်များစွာနှင့်အတူ နယူးယောက်အရှေ့ဘက်မြစ်ကမ်းရှိ ကုလသမဂ္ဂရုံးချုပ်မှသည် ဆွစ်ဇာလန်၊ ဂျီနီဗာ ရေကန်နံဘေးရှိ နိုင်ငံပေါင်းစုံ နန်းတော် (Palace of Nations) အထိ ကုလသမဂ္ဂ အရာရှိများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေသည့် “ခန့်မှန်းချက်များ” က နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။ ယခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်သည့် ၈၀ ပြည့်နှစ် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ 《ပဲရစ်သဘောတူညီချက်》မှ အမေရိကန် နုတ်ထွက်သည့် ထရမ့်၏ နောက်ထပ်တစ်ကြိမ်ကြေညာချက်အပေါ် ကုလသမဂ္ဂအတွင်း ယခင်ကတည်းက စိုးရိမ်မှုများရှိကြသလို “ထရမ့် ၂.၀” ရိုက်ခတ်မှုကို ကိုင်တွယ်ဖြေရှင်းရန် အစောကြီးကတည်းကပင် စတင်ပြင်ဆင်ခဲ့ကြသည်။ “နိုင်ငံစုံ […]

အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်နိမိတ်ကို ဖြတ်ကျော်လာသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ချက်ချင်း နှင်ထုတ်ရန် ထရမ့် ညွှန်ကြား

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တောင်ပိုင်းနယ်နိမိတ်မှတစ်ဆင့် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို ယာယီရပ်တန့်ရန် အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီလ ၂၂ ရက်တွင် သမ္မတအမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်တွင်းလုံခြုံရေးဌာန၊ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အား အမေရိကန် တောင်ပိုင်းနယ်နိမိတ်ကို ဖြတ်ကျော်လာသည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအား ချက်ချင်း နှင်ထုတ်ရန်၊ နေရပ်ပြန်ပို့ရန်နှင့် ဖယ်ရှားရန် လိုအပ်သည့် လှုပ်ရှားမှုအားလုံး လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။ သမ္မတ အခွင့်အာဏာကို အသုံးပြုခြင်းဖြင့် ထရမ့်က လူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များကို တစ်ဆင့်တိုး ကန့်သတ်ခဲ့ကြောင်း၊ ဤပြဋ္ဌာန်းချက်များသည် မူလက တောင်ပိုင်းနယ်နိမိတ်မှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ဝင်ရောက်သော မည်သည့်တရားမဝင်နိုင်ငံခြားသားများကိုမဆို ဥပမာ ခိုလှုံခွင့် လျှောက်ထားခြင်းသည် အမေရိကန်နိုင်ငံတွင် နေထိုင်ခွင့်ပြုထားနိုင်ခြေရှိကြောင်း သမ္မတအမိန့်ကြေညာချက်တွင် ပြောကြားခဲ့သည်။ ထို့အပြင် […]

နယ်စပ်မှာ စစ်ဆင်ရေးအတွက် တပ်အသင့်ပြင်ခိုင်းထားတဲ့ ထရမ့် – PCT NEWS HOMEPAGE

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ပိုင်းနယ်စပ်တွင် စစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ရန် တပ်ဖွဲဝင်များ ပြင်ဆင်ထားရန်အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သို အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။ ထရမ့်သည် သမ္မတဖြစ်ပြီးသည်နှင့် တောင်ပိုင်းနယ်စပ်တစ်လျှောက်အား အရေးပေါ်အခြေအနေကို ချက်ချင်းကြေညာကာ ယခုလိုအမိန့်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အမေရိကန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအား ထိန်းသိမ်းရန်နှင့် စပ်လျဉ်းသည့် အစီအစဉ်ဆွဲရန် လိုအပ်ချက်များ အကဲဖြတ်ချက်များပေးပိုရန် ကာကွယ်ရေးဝန်ကြီးဌာနသို ညွှန်ကြားထားကြောင်းကိုလည်း သိရပါတယ်။ ပင်တဂွန်က သမ္မတထရမ့်၏ အမိန့်နှင့်စပ်လျဉ်းပြီး “ကျွန်တော်တိုရဲ့ စစ်ဦးစီးချုပ်ဆီက အမိန့်ကို အပြည့်အဝ ထမ်းဆောင်ဖို ကတိကဝတ်ပြုထားပြီး ၎င်းရဲ့ဦးဆောင်မှုအောက်မှာ ချက်ချင်းဆောင်နေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ထရမ့်သည် ရွှေ့ပြောင်းအခြေချသူများ တရားဝင် ဝင်ရောက်နိုင်ရေးတွင် အသုံးပြုသည့် Apps ကိုလည်း […]

အမေရိကန်နိုင်ငံ တောင်ပိုင်း နယ်စပ်ကို အရေးပေါ်အခြေအနေအဖြစ် ထရမ့် ကြေညာ

ဝါရှင်တန်၊ ဇန်နဝါရီ ၂၁  အမေရိကန်နိုင်ငံ တောင်ပိုင်း နယ်စပ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး လူပုဂ္ဂိုလ်နှင့် အရင်းအမြစ် ဖြန့်ကြက်မှုကို အားဖြည့်မှု၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကာအရံများ ထပ်တိုးမှု စသည့် အစီအမံများ ဆောင်ရွက်ရန်၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအားလုံး နိုင်ငံအတွင်းသို့ဝင်ရောက်မှုကို ရပ်တန့်ရန် ညွှန်ကြားသည့် အမိန့်တစ်ရပ်ကို သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။  Ref – Xinhua Join – https://t.me/MyanmarNationalPost Source link

ထရမ့် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲအကြို လွှတ်တော်မြင်ကွင်း

အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ရာသီဥတုအခြေအနေကြောင့် လွှတ်တော်အတွင်းမှာပဲကျင်းပဖို့ ပြောင်းရွှေ့လိုက်တာကြောင့် ကိုယ်တိုင်ကြည့်ဖို့ စီစဉ်ထားသူတွေ မကြည့်နိုင်ပဲဖြစ်ခဲ့ရပါတယ်။ ကျမ်းသစ္စာကျိန်ပွဲ ကိုယ်တိုင် ကြည့်ရှုအားပေးဖို့ လက်မှတ် လုပ်ထားသူက ၂ သိန်း ၂ သောင်းကျော် ရှိပါတယ်။ Source link

ကန်ပိတ်ပင်မှုရှောင်ရှားဖို့ TikTok ကို ထရမ့် အခွင့်ရေးပေးနိုင်

လူသုံးများတဲ့ ဗွီဒီယို လူမှုကွန်ရက် တခုဖြစ်တဲ့ TikTok ကို အမေရိကန်ပြည်ထောင်စုမှာ ပိတ်ပင်ခံရမှုက ရှောင်ရှားနိုင်ဖို့ အတွက် ရောင်းချမှု သဘောတူညီချက် ရယူနိုင်ရေး ရက်ပေါင်း ၉၀ အချိန်ထပ်တိုးဖို့က “ဖြစ်နိုင်တယ်” လို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က စနေနေ့မှာ ပြောလိုက်ပါတယ်။ Source link

ထရမ့် နဲ့ ပူတင် တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံတော်တော်များများ အလိုရှိလို့ဆို

ဒီဇင်ဘာ ၂၄ ( အင်္ဂါနေ့) နျူလက်နက်အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ဗလာဒီမာပူတင်တို့တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံတော်တော်များများက အလိုရှိနေကြတယ်လို့ ရုရှား သံတမန်ဟောင်း ယူရီအက်ရှာကောဗ်က ဆိုလိုက်ပါတယ်။  “ တွေ့ဆုံဆွေးနွေပွဲလုပ်ဖို့အတွက် မကြာသေးခင်ကမှ သမ္မတပူတင်နဲ့တွေ့ဆုံခဲ့တဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအိုဘန်နဲ့ စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖလိုး တို့က စီစဉ်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ “နိုင်ငံအသီးသီးက အဆိုပြုချက်များစွာကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ်” လို့ အက်ရှာကောဗ့်က တနင်္လာနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ “အလားအလာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မထိခိုက်စေဖို့အတွက် အဆိုပြုထားတဲ့နိုင်ငံတွေရဲ့နာမည်တွေကို  ကျွန်တော် ထုတ်ပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလို အဆိုပြုချက်တွေအတွက် အစီအစဉ် ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်။”  သမ္မတပူတင်ကတော့ “တတ်နိုင်သမျှ […]

သမ္မတပူတင်နဲ့ တွေ့ချင်ပါတယ်လို့ အမေရိကန်သမ္မတလောင်း ထရမ့် ပြောကြား

၂၀၂၄၊ ဒီဇင်ဘာ ၁၈ ( ဗုဒ္ဓဟူးနေ့ )  မော်စကိုအစိုးရနဲ့ ကိဗ်ယက်အစိုးရ ကြားမှာဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်အောင် သွေးဆောင်ဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောချင်ပါတယ်၊ ဒါ့အပြင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနဲ့လည်း ဆွေးနွေးချင်ပါသေးတယ်လို့ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ပြောဆိုလိုက်ပါတယ်။  တနင်္လာနေ့က သူ့ရဲ့ Mar-a-Lago အိမ်ရာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ကို ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက ပူတင်နဲ့ စကားပြောခဲ့တာရှိလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ သို့သော်လည်း ထရန့်က ယင်းကဲ့သို့ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ “ ကျနော် သမ္မတပူတင်နဲ့ စကားပြောမယ်။ ပြီးတော့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ စကားပြောမယ်။ ပြီးရင် သမ္မတ […]