ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Grand International 2024 ကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သဲစုညိမ်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ဝင်ရောက်နိုင်ဖို့ Miss Grand Myanmar 2024 ရွေးချယ်စဉ်မှာလည်း အသက်ငယ်တာ၊ ခန္ဓာကိုယ်သေးတာ အစရှိသဖြင့် ဝေဖန်မှုတွေ ရှိနေတာကြောင့် ကာလတိုအတွင်းမှာပဲ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အလှမယ် သဲစုညိမ်း အနေနဲ့ အရွယ်နဲ့ မမျှအောင် ပြင်ဆင်ကြိုးစားခဲ့တယ်။ အသက်အရွယ် ငယ်ပေမယ့်လည်း ပြင်းထန်တဲ့ ဝေဖန်မှုတွေကို လှေခါးထစ်အဖြစ် အသုံးချပြီး သူ့ဘက်က ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ခဲ့တယ်။ ဒီလိုစိတ်ထားမျိုးရှိခြင်းဟာ အသက်အရွယ်နဲ့ မမျှအောင် ရင့်ကျက်မှုကို ပြသခြင်းသဘောပါပဲ။ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ ပွဲစဉ်တိုင်းလိုလို တောက်ပခဲ့တယ်။ အမှားအယွင်း နည်းတယ်။ ထူးခြားပြောင်မြောက်အောင် […]