အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပေးထားတဲ့ USRAP ခေါ် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တဲ့အကြောင်း သမ္မတ Donald Trump က မနေ့က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ပါတယ်။သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအတွင်းမှာပဲ လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ဒုက္ခသည်တွေကို လက်ခံတော့မှာ မဟုတ်ကြောင်း ဒီအစီအစဉ်ကို ဆိုင်းငံ့ထားဖို့ သမ္မတ Trump က ကြေညာတာပါ။ဒုက္ခသည် လျှောက်လွှာတွေကို လက်မခံဘဲ ဆိုင်းငံ့ထားဖို့လည်း အမိမြေလုံခြုံရေးဝန်ကြီးကို သမ္မတ Trump က ညွှန်ကြားထားပါတယ်။ဒုက္ခသည် လက်ခံရေးအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ ရက် ၉၀ အတွင်း အမိမြေလုံခြုံရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တိုင်ပင်ပြီး သူ့ကို တင်ပြနိုင်တယ်လို့လည်း အမိန့်ကြေညာချက်မှာ ရေးထားပါတယ်။ဒီအစီစဉ် […]