နှစ်တခုကုန် နှစ်ကူးပါပြီ။ သင်္ကန္တဆိုသည် ကူးပြောင်းခြင်းမို့ ခရစ်နှစ်သင်္ကြန်ကျပြီဆိုချင်ဆို။ သင်္ကြန်စာ မဟုတ်မူလည်း အချက်အလက်တို့ အရကောက်၍ ဖြစ်ခဲ့ပြီးနှင့် ဖြစ်လာနိုင်ခြေတို့ကို ချရေးပါမည်။Baba Vanga ၏ ၂၀၂၅ အတွက်ခန့်မှန်းမှုမှာ ဥရောပသို့စစ်မီးကူးစက်လာမည်။ ငလျင်ကြီးများလှုပ်မည်။ တတိယကမ္ဘာစစ် မဖြစ်သေး။အခြားကမ္ဘာမှလူသားများနှင့်အဆက်အသွယ်ရမည်။Nostradamus အရမူ ၂၀၂၅သည်စိန်ခေါ်မှုများနှင့်ဖြစ်သည်။ ဉက္ကာပျံကမ္ဘာမြေကိုဝင်စောင့်နိုင်ချေရှိခြင်းနှင့် ရှေးပလိပ်ရောဂါကဲ့သို့ ကူးစက်ရောဂါ UK တွင်ဖြစ်နိုင်သည်။ အမေဇုံသစ်တောဒေသတွင် မီးတောင်ပေါက်ကွဲမှုကြီးဖြစ်နိုင်သည်။ ကင်ဆာပျောက်ဆေးကဲ့သို့ ဆေးသစ်အသစ်တွေ့ အောင်မြင်မည်ဟူသတတ်။ “အမေရိကစီးပွားရေး”ကမ္ဘာ့စီးပွားရေးသည် ထင်သလောက်မဆိုး အကောင်းဖက်ဦးတည်တက်ခဲ့သည်။ အမေရိကားစီးပွားရေးမှာမူ စတော့စျေးကွက် DJIA ( အမြင့်ဆုံး ၄၅၀၁၄.၀၄ ( ဒီဇင်ဘာ ၄ ၂၀၂၄) နှင့် S&P 500 အတက် ဖြင့် စံချိန်သစ်များပင် တင်ကာ 401k ပင်စင်စုဆောင်းငွေဖြင့်သန်းကြွယ်ဖြစ်နေသူများပင် ဦးရေ၆သိန်းဝန်းကျင်ရှိနေသည်။ […]
ဒီဇင်ဘာ အားကစားလနှင့် လမ်းလျှောက်ခြင်း ကျန်းမာရေး နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအား အလေးထားပြုလုပ်ပေးလျက်ရှိသည်။ ပြည်သူများအနေဖြင့် အသက်ရှည်ကျန်းမာလန်းဖြာမှသာ မိမိတို့၏ နိစ္စဓူဝအမှုကိစ္စများကို တက်ကြွရွှင်လန်း အားစိုက်ခွန်စိုက် အလုပ်လုပ် နိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလကို အားကစားလအဖြစ် သတ်မှတ်ပြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုများအဖြစ် ရက်သတ္တပတ် စုပေါင်းလမ်းလျှောက်ပွဲများအား နိုင်ငံတစ်ဝန်းတွင် ကျင်းပကြခြင်းဖြစ်သည်။ အဆိုပါဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပဆောင်ရွက်ခြင်းသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက်ဖြစ်သည်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လူအများဖြင့်ဖြစ်စေ စုပေါင်းဆောင်ရွက်သည့် လှုပ်ရှားဆောင်ရွက်မှုအားလုံးသည် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်အတွက် ပါဝင်ဆောင်ရွက်သူအားလုံး ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကျန်းမာပျော်ရွှင်သော သူများဖြစ်စေရေးအတွက် […]
ဗွီအိုအေ မြန်မာနံနက်ခင်း (ဒီဇင်ဘာ ၂၉၊ ၂၀၂၄) ပါလက်စတိုင်း ၂၀၀ ကျော် အစ္စရေးဖမ်းဆီး၊ တရုတ်-အာဆီယံ ပူးပေါင်းမှု မလေးရှား မြှင့်တင်မယ့် သတင်းတွေနဲ့ အတူ ၂၀၂၄ အာရှနိုင်ငံရေး၊ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်ရေးနဲ့ သတင်းတွေထဲက သုတ အစီစဉ်တွေ စုစည်း တင်ပြထားပါတယ်။ Source link
ရုရှားတာဝေးပစ်ဒုံးလက်နက်ရုံ ယူကရိန်းတိုက်ခိုက်၊ စစ်တပ်ဗုံးကြဲမှု ဖယ်ခုံမြို့နယ် ပီကင်းရွာသား ၂ ယောက် ဒဏ်ရာရ၊ အမေရိကန်မှာ TikTok တားမြစ်ရေးဥပဒေ ဆိုင်းထားဖို့ Trump တိုက်တွန်း၊ အိန္ဒိယဝန်ကြီးချုပ်ဟောင်းရဲ့ နိုင်ငံတော်ဈာပန စတဲ့သတင်းတွေနဲ့ နှစ်ချုပ်အထူး အစီအစဉ်တွေ တင်ဆက်ထားပါတယ်။ Source link
နိုင်ငံ့ဝန်ထမ်းပေါင်း (၄,၀၀၀)ခန့် ပါဝင်သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ ဒီဇင်ဘာ (၂၈)ရက် ၊ နံနက်အစောပိုင်းအချိန်၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ စုပေါင်းလမ်းလျှောက်ပွဲပြုလုပ်ရခြင်းသည် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ် ၍ ပြုလုပ်ခြင်းဖြစ်ပြီး၊ လမ်းလျှောက်ပွဲအား မြန်မာနိုင်ငံအို လံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ေ-သနတ်ပစ်ဖောက်၍ တာလွတ်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများနှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ […]
အမျိုးသားညီညွတ်ရေး အစိုးရ မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းရှိ ကိုင်းလယ်နယ်မြေရဲစခန်းမှ ရဲတပ်သားနှစ်ဦး လက်နက် များဖြင့် အလင်းဝင်လာကြောင်း Y.R.F.ပကဖ က ထုတ်ပြန်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၏ ရေးရာကော်မတီ (၄) ရပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင် ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ် ဒေသခွဲ၊ တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်း အမှတ် (၂၉)ဗျူဟာ၏ လှုပ်ရှားဆောင်ရွက်နေသည့် စစ်ရေး၊ ထောက်ပို့၊ လှုပ်ရှားမှု မှတ်တမ်းများကို AYA PDF အမှတ် (၂၉)ဗျူဟာ၏ ဖေ့ဘုတ် ပေ့ချ်ကနေ အချိန်နှင့် တပြေးညီထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းက အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်း ၃ခုကို ဒရုန်းနှင့် ဗုံးသီး အလုံး(၅၀)၊ Rocket၊(၆၀)မမ လက်နက်ကြီးများဖြင့် […]
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲအဖြစ် ဆွမ်းခြောက်လောင်းလှူပွဲအား မနက်ဖြန်(ဒီဇင်ဘာ ၂၆ ရက်)နံနက် ၈ နာရီမှစတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွမ်းခြောက်လောင်းလှူပွဲ၌ သံဃာတော်(၁၀၁) ပါးအား စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် အလှူရှင်များက လောင်းလှူသွားမည်ဖြစ်ကာ ဆွမ်းခြောက်လောင်းလှူနိိုင်ရန် ခုံတန်းများကိုလည်း အဆင်သင့်ပြင်ဆင်ပေးထားကြောင်း သိရသည်။ ထို့ပြင် နံနက်ပိုင်းမှစတင်၍ တစ်နေကုန်သည်အထိ ဆွမ်းခြောက်လောင်းလှူသူများနှင့် ဧည့်ပရိသတ်များအား စတုဒိသာအဖြစ် ရေခဲမုန့်၊ အချိုပွဲများကို ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆရာ တော်/သံဃာတော်ကြီးများမှ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကိုလည်း ဆင်ယင်ကျင်းပခဲ့ပြီး ဘုရားဖူးလာရောက်သူများကိုလည်း နဂါးမောက်စေတီတော်မြတ်ကြီး၏ စတုဒီသာမဏ္ဍာပ်တွင် နေ့စဥ်စတုဒီသာများ၊ အချိုပွဲများ၊ နိဗ္ဗာန်စျေးများဖြင့် ဧည့်ခံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ Source link
By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးတဲ့နောက်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေ ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။ ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှိ မြို့နယ် ၈ ခုမှာ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် အကြမ်းဖက် စစ်ကောင်စီက စစ်ကြောင်းထိုး၊ လုံခြုံရေး တင်းကျပ်ဖို့ စီစဉ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media […]
By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ပြည်သူတွေကို တော်လှန်ရေးအခြေအနေတွေနဲ့ ပတ်သက်ကာ အသိပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နွားထိုးကြီး People Defense Force က တရားဝင်သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ကန်ပက်လက်အခြေစိုက် ချင်းတော်လှန်ရေး အဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese […]
အမျိုးသားညီညွတ်ရေး အစိုးရ တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်ခွင့်ဗီဇာအခက်အခဲကြောင့် ဒီဇင်ဘာလအတွင်းဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၄ ဦးကို လွတ်မြောက်အောင်ဆောင်ရွက်ပေးခဲ့ကြောင်းတောင်ကိုရီးယားနိုင်ငံရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်များရရှိကြောင်း ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဒီဇင်ဘာ ၂၃ရက်) ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံ ဆွေး နွေးခဲ့သည်။ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်က ကျေးရွာတစ်ရွာ၌ ရပ်ကျေး ပအဖ များ၊ ပြည်သူများ၊ မြို့နယ် ပအဖများ၊ရေးရာတာဝန်ခံများ၊တိုက်နယ် အဖွဲ့ဝင်များက တွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့က […]