မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်း ဦးဆောင်မိုဘိုင်းပိုက်ဆံအိတ်တစ်ခုဖြစ်သည့် KBZPay အား စီမံခန့်ခွဲနေသော ကမ္ဘောဇဘဏ်သည် ဒုတိယအကြိမ်မြောက် KBZPay Ecosystem Summit အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် Wyndham Grand Yangon ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ နည်းပညာဆိုင်ရာ Developer များနှင့် KBZPay မှ တာဝန်ရှိသူများအပါအဝင် ပွဲတက်ရောက်သူဦးရေ ၃၀၀ တက်ရောက်ခဲ့ကြပြီး KBZPay ၏ ဂေဟစနစ်အတွင်း အခွင့်အလမ်းအသစ်များကို ရှာဖွေဆွေးနွေးရန် ဤအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ Image: KBZPay ဤအခမ်းအနားသည် KBZPay Mini App Solution တစ်နည်းအားဖြင့် ကုန်သည်များနှင့် သန်းပေါင်းများစွာသော သုံးစွဲသူပြည်သူများအကြား အဟန့်အတားမဲ့ […]
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နှစ်သစ်ကာလအတွင်း MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ အစဉ်တစိုက်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကံထူးသူများကို ပထမအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် အခြားဆုများ ချီးမြှင့်ခဲ့ပြီး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများအား များစွာ စိတ်ကျေနပ်မှုကို ပေးအပ်နိုင်ခဲ့သည့်အတွက် MPT သည် ထပ်မံပြီး ဒုတိယအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် တယ်လီကွန်းဆုများပါဝင်သည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ […]
(ရန်ကုန်၊၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်) _ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် နှစ်သစ်ကာလအတွင်း MPT ၏ ဝန်ဆောင်မှုများကို ကာလရှည်ကြာစွာ အစဉ်တစိုက်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် “ကံထူးပျော်ရွှင်ဆုများစုံလင်” အစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ မှ စက်တင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” အစီအစဉ်မှ သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် ကံထူးသူများကို ပထမအကြိမ် ငွေသားကျပ်သိန်းပေါင်း (၄,၀၀၀) အထိ နှင့် အခြားဆုများ ချီးမြှင့်ခဲ့ပြီး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် သုံးစွဲသူများအား များစွာ စိတ်ကျေနပ်မှုကို ပေးအပ်နိုင်ခဲ့သည့်အတွက် MPT […]
ယူကရိန်းအတွက် ဒုတိယ အသုတ် F-16 ဂျက်တိုက်လေယာဉ်တွေကို ဒိန်းမတ်နိုင်ငံက ပေးပို့ခဲ့တဲ့အကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့က ပြောပါတယ်။ သမ္မတ Zelenskyy ကတော့ လတ်တလော ပြင်သစ်နိုင်ငံကို ရောက်နေပြီး ထိပ်တန်း နိုင်ငံရေး သမားတွေ၊ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေတာပါ။ Source link
နေပြည်တော်၊ နိုဝင်ဘာ ၂၇ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကျန်းမာရေး ဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဆပ်ကော်မတီဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း တက်ရောက်အမှာစကား ပြောကြားသည်။ ဦးစွာ ဒုတိယဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေးအတွက် လုပ်ငန်းအဖွဲ့အလိုက် အလေးထားဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အရေးပေါ်ကိစ္စရပ်များအတွက် ဆက်သွယ်ရေး လမ်းကြောင်းများ သေချာစွာဆောင်ရွက်ရန်၊ လူနာများ လွှဲပြောင်းဆောင်ရွက်နိုင်ရေး လူနာတင်ယာဉ်များ လုံလောက်အောင် စီစဉ်ဆောင်ရွက်ထားရန်၊ ဆေးရုံများ၌ လူနာများ လက်ခံ ကုသနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ အစားအသောက်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေးအတွက် ချက်ပြုတ်ကျွေးမွေးမည့် အစားအသောက်များကို ပုံမှန်စစ်ဆေးနေကျ ဆောင်ရွက်မှုများသာမက ပြင်ပအစားအသောက်များ ယူဆောင် စားသောက်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရေး သက်ဆိုင်ရာဌာနများနှင့် […]
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင် ကူညီနေသူ တစ်ဦးထံမှ သိရသည်။ “ လအိရွာနားဘက်က ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲသွားတာ။ လေယာဉ်နဲ့ ၆ ကြိမ်လာပစ်တယ်။ အရင်က ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခ န်းပဲ။ သူတို့က စစ်ရှောင်တွေကို အဓိက တိုက်ခိုက်နေတာ။ သတိနဲ့ နေကြရင်တော့ အကောင်းဆုံးပေါ့။” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လေကြောင်း […]
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် Source link
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်၊ ခုံသမာဓိနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၁၄ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ် ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရေး၊ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြား နိုင်ငံတကာ […]
နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဥယျာဉ်တော်ဝ တ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ဒုတိ ယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအား နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းကကျင်းပရာ ရက်ကန်းစင်တော်(၁၅)ခုက ရက်လုပ်လျက်ရှိသည်။ အဆိုပါ ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်အချက် ပေးရာ ရက်ကန်းအဖွဲ့(၁၅)ဖွဲ့မှ သက်ဆိုင်ရာ ရက်ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ရာ တက်ရောက်လာကြသူများက မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများကိုတစ်ပြိုင်နက်လွှတ်တင်ခဲ့ကြသည်။ ထို့အတူ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ရက် ကန်းစင်တော်များတွင် မသိုးရွှေကြာသင်္ကန်းရက် လုပ်နေမှုများကို ရက်ကန်းစင်တော်တစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ စိန် နားပန်မီးပုံးပျံများနှင့်ညမီးကျည်(ညမီးကြီး) မီး ပုံပျံများလွှတ်တင်မှုများကို ကြည့်ရှုခဲ့ကြသည်။ […]
နေပြည်တော်၊ နိုဝင်ဘာ ၁၄ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ပူဇော်ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။ ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန […]