နေပြည်တော်၊ ဒီဇင်ဘာ ၃ နှစ်သစ်ကူးရုံးပိတ်ရက်များအပြီး ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ၂၀၂၅ ခုနှစ်အစတွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ် ၂ ဒသမ ၄၅၈ သန်းနှင့် တရုတ်ယွမ် ၆၈၀,၀၀၀ ခန့် ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇန်နဝါရီ ၂ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည်။ နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်းမှာလည်း ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့သည်။ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ […]
ဒေါ်နယ်ထရမ့် ဂျူနီယာသည် အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသား ဖြစ်သည်။ ကင်ဘာလေ ဂဲဖွိုင် (Kimberly Guilfoyle ) သည် ဒေါ်နယ်ထရမ့်၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရန်ပုံငွေရရှိရန် ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ဒေါ်နယ်ထရမ့်က သူမအား ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ကင်ဘာလေသည် ထရမ့်ဂျူနီယာမတိုင်မီ အိမ်ထောင် ၂ ဆက် ရှိခဲ့ဘူးပြီး ဆန်ဖရန်စစ္စကိုမြို့တော်ဝန် ဂါဗင်နယူးဆမ်နှင့် ပရိဘောဂလုပ်ငန်းရှင်တို့ ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ကင်ဘာလေက ထရမ့်ဂျူနီယာနှင့် ချစ်ကြိုက်ခဲ့ပြီး လက်မထပ်ဘဲ အတူနေလျက် ရှိသည်။ ယခုအခါ ထရမ့်ဂျူနီယာက ဖလော်ရီဒါပြည်နယ်မှ ဘက်တီနာ အန်ဒါဆန်ဟူသော မိန်းကလေးနှင့် ချစ်ကြိုက်နေကြောင်း သတင်းများ […]
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတားကို ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး သတ်မှတ်ချိန် အမီပြီးစီးရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ ရန်ကုန်ဘက်ခြမ်း ကမ်းနားလမ်း ဆင်ခြေလျှောတံတားနှစ်စင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဘုန်းကြီးလမ်းတလျှောက် ချဉ်းကပ်တံတား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Consultant အဖွဲ့မှ တာဝန်ရှိသူက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းများသတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေးအပိုင်းလိုက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ မြန်မာ – ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားသည် […]
ဆီဗက်စတာ စတားလုံးသည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ လူကုံထံများနေထိုင်ရာ ကမ်းခြေ ဒေသတွင် သူ၏ စံအိမ်အနီး ရေပြင်၌ အတားအဆီးများ ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များထံ တင်ပြလျှောက်ထားခဲ့မှုကို အိမ်နီးချင်းများ ဒေါသချောင်းချောင်းထွက်နေသည်။ စတားလုံးက Palm Beach မှ Intracoastal Waterway ရှိ ဒေါ်လာ ၃၅ သန်းတန် စံအိမ်ကြီးအနီး ရေပြင်တွင် ပင်လယ်ရေမှော်များ တားဆီးရန် အတားအဆီးတစ်ခု ပြုလုပ်လိုနေသည်။ ရေမှော်များနှင့် အမှိုက်များ တားဆီးရန် ရေအောက်အတားအဆီးတစ်ခု ပြုလုပ်ရေးအတွက် စတားလုံးက ဖလော်ရီဒါပြည်နယ်၊ သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေးဌာန (FDEP) နှင့် အမေရိကန် စစ်အင်ဂျင်နီယာအဖွဲ့ (USACE) တို့ထံ တင်ပြခဲ့ခြင်း ဖြစ်သည်။ စစ်အင်ဂျင်နီယာအဖွဲ့က စတားလုံး၏ တင်ပြမှုနှင့်စပ်လျဉ်းပြီး […]
နွေဦးဖွံ့ဖြိုးရေးဘဏ်-SDG ဘဏ်က ဒုတိယအကြိမ်အဖြစ် အစုရှယ်ယာများရောင်းချလျက်ရှိရာ သတ်မှတ်ချိန်မတိုင်ခင် မျှော်မှန်းပမာဏ ဒေါ်လာ ၁၀သန်းဖိုးရောင်းချထားပြီလို့ သိရပါတယ်။နွေဦးဘဏ် ဒုတိယအကြိမ်အစုရှယ်ယာ ICO Round 2 ပရောဂျက်ကို နိုဝင်ဘာ ၁၅ရက်ကနေ ဒီဇင်ဘာ ၅ရက် ည၁၂နာရီအထိရောင်းချပေးမယ်လို့ သတ်မှတ်ခဲ့ပေမယ့် ညနေ ၃နာရီကျော်မှာပဲ မျှော်မှန်းပမာဏ ပြည့်မီခဲ့တာဖြစ်ပြီး ဝယ်လိုအားများနေတာကြောင့် နောက်ထပ် ၃ရက်ထပ်တိုးရောင်းချပေးမယ်လို့ သိရပါတယ်။အိမ်ပြန်လှိုင်းသစ် ICO Round 2 ကို ရက်တိုးရောင်းချပေးဖို့ စစ်တမ်းကောက်ယူခဲ့ရမှာ ရက်တိုးပေးဖို့အဆိုပြုသူများတာကြောင့် အစုရှယ်ယာရောင်းချခြင်းကို ဒီဇင်ဘာ ၈ရက်အထိတိုးမြှင့်လိုက်ကြောင်း SDG ဘဏ်က ကြေညာထားပါတယ်။စတင်ရောင်းချသည့်နေ့မှာပဲ ၂၄ နာရီ အတွင်း ဒေါ်လာ ၂.၂ သန်းကျော်ဖိုးရောင်းချရခဲ့ပြီး နောက်ဆုံးရက်မှာ တစ်ဦးတည်း အမေရီကန်ဒေါ်လာ ၃သိန်းထိဝယ်ယူသူတွေနဲ့ ပြည်တွင်းကနေ ဒေါ်လာသိန်းချီဝယ်ယူသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ Continue […]
နယူးယောက်မြို့တွင် တရုတ်ပြည်မှ လုပ်ငန်းရှင်တစ်ဦးက နံရံတွင် တိပ်ဖြင့်ကပ်ထားသော ငှက်ပျောသီးတစ်လုံး (အနုပညာပုံဖော်မှုဟုဆိုသည်) ကို ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံဆွဲ ဝယ်ယူခဲ့၏။ ငှက်ပျောသီးတစ်လုံးကို ဒေါ်လာ ၆ သန်းကျော်ပေးကာ ဝယ်ယူပြီး စားပြလိုက်သော လုပ်ငန်းရှင်၏ အမည်မှာ ဂျပ်စတင် ဆွန်း ဖြစ်သည်။ ငှက်ပျောသီးကို တိပ်ဖြင့် နံရံတွင်ကပ်ထားကာ အနုပညာပုံဖော်မှုပြုလုပ် လေလံတင်ခဲ့သည့်နေရာမှာ နယူးယောက်ရှိ Sotheby’s ၏ ရုံးတွင် ဖြစ်ပြီး ငှက်ပျောသီးရောင်းချပေးလိုက်သည်မှာ ရုံးနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော လမ်းဘေးသစ်သီးဆိုင်မှ ဖြစ်ကာ တစ်လုံးလျှင် ၂၅ ပြား (25 Cents) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သစ်သီးဆိုင်ဝန်ထမ်းအဘိုးအိုမှာ သူ၏ဆိုင်မှ ၂၅ ပြားဖြင့် ဝယ်သွားသော ငှက်ပျောသီးမှာ […]
Skip to content ဘရာဇီးရဲ့ ဈေးကွက် ပြိုင်ဆိုင်မှု စောင့်ကြည့်ရေး အဖွဲ့အစည်း Cade က Apple ဟာ App Store မှာ In-app Purchases နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက် အားလုံးကို ဖြေလျှော့ပေးရမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေကို အကောင်အထည်ဖော်ဖို့ ဘရာဇီး အာဏာပိုင်တွေက Apple ကို အချိန် ရက် ၂၀ ပေးထားပြီး မလိုက်နာရင် တစ်ရက်ကို ဒေါ်လာ ၄၃,၀၀၀ ဒဏ်ငွေရိုက်မယ်လို့ အမိန့်ချမှတ်ထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဘရာဇီး အွန်လိုင်း စီးပွားရေး လုပ်ငန်းရှင် Mercado Libre က Apple ဟာ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားပြီး မျှတမှု မရှိတဲ့ […]
၂၃. ၁၁. ၂၀၂၄ကTranslated by Thettant တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ ကြီးမားတဲ့ရွှေသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီရွှေသိုက်ကြီးကို Pingjiang ခရိုင်ရှိ Wangu ရွှေတွင်းရဲ့ မြေအောက် မီတာ ၂၀၀၀ (ပေ ၆၅၆၀) အောက်မှာ ရွှေကြောအသစ် ၄၀ ကျော် ပါဝင်မှုနဲ့အတူ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရွှေသိုက်ရဲ့ အူတိုင်ဧရိယာက ခန့်မှန်းမယ်ဆို စုစုပေါင်းရွှေတန်ချိန် ၃၀ဝ ကျော်အထိ ရှိနိုင်တယ်လို့ ဟူနန်ပြည်နယ် ဘူမိဗေဒအင်စတီကျုက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီရွှေသိုက်ကြီးဟာ လက်ရှိဈေးကွက်ပေါက်ဈေးအရ ယွမ်ငွေ ၆၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၈၂ ဒသမ၈ ဘီလျံ) ခန့် တန်ကြေးရှိမယ်လို့ ခန့်မှန်းထားပြီး ဒီ ရှာဖွေတွေ့ရှိမှုဟာ တရုတ်နိုင်ငံရဲ့ သတ္တုရှာဖွေရေးမဟာဗျူဟာအတွက် အဓိကအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ […]
ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာဟာ တကယ်တော့ သရော်စာ တခုသာဖြစ်တယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေမှုကို အောက်ပါ စခရင်ရှော့မှာ ကြည့်ပါ။ တူညီတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာလည်းတွေ့ရပါတယ်။ “Tesla, Space X, StarLink သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားဟုဆို။” မူရင်းလင်ခ့် – Facebook link | Archive link ဒီသရော်စာဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီနေရာနဲ့ […]
ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၈၅ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၁၀ သန်းကျော် ပိုမိုရရှိ – Myanmar Transparency News Source link