နေပြည်တော်၊ ဇန်နဝါရီ ၁၉ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာသို့ ရောက်ရှိ ကြရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါနယ်လှည့်အထူးကုဆေးအဖွဲ့သည် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ကျေးရွာ၊ ညောင်ချောင်းဘုန်းကြီးကျောင်းရှိ ရတနာသုခဓမ္မဗိမာန်တော်တွင် အခြေပြု၍ အဆိုပါ မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၁၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၁၁ ဦး၊ […]
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ၊ လောကသရဖူသွန်း ဘုရားကြီး၊ ရာပြည့်ဓနသိဒ္ဓိတန်ဆောင်းတော်တွင် အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၇၅ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၅၆ ဦး၊ ခွဲစိတ်ရောဂါ ၆၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၇ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၀၆ ဦး၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ […]
နေပြည်တော်၊ ဇန်နဝါရီလ ၁၈ တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မလိကျွန်း တိုက်နယ် ဆေးရုံတွင်အခြေပြု၍ မလိကျွန်းနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူ ၃၁၁ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၇ ဦး၊ ခွဲစိတ်ရောဂါ ၁၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၉ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၃၃ ဦး၊ နား၊နှာခေါင်း၊ […]
မြစ်ကြီးနားမြို့နှင့် ကွမ်းခြံကုန်းမြို့နယ်တို့ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၂၆ ရက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၅ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၄ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက် ကူး၍ ရောဂါရှာဖွေပေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန် […]
မှော်ဘီမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ – ၂၁ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာရှိ ဒေသခံပြည်သူ ၁၅၁ ဦးတို့ကို အဆိုပါကျေးရွာရှိ သင်တန်းကျောင်း၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရှိ သံဃာတော် ၁၃၈ ပါး နှင့် ဒေသခံပြည်သူ ၄၁ ဦးတို့ကို အဆိုပါရပ်ကွက်ရှိ ပတ္တမြားကျောင်းတိုက်၌ လည်းကောင်း လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။ […]
မုဒုံမြို့နယ်ရှိ ဒေသခံပြည်သူများအား မော်လမြိုင်အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆေးကုသပေး moiuser3 Tue, 12/17/2024 – 16:12 Source link
မဟာအောင်မြေမြို့နယ်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးဆောက်ရှောက်မှုဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ- ၃၀ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေး ကုသရေးအဖွဲ့က ရတနာဘူမ္မိအရှေ့ရပ်ကွက်၊ ရတနာကောသဘုရားဝန်းအတွင်းရှိ မန်းသီရိန်ဓမ္မာရုံ၌ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၄၆ ပါးနှင့် ဒေသခံပြည်သူ ၁၅၅ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများနှင့် ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေး ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သံဃာတော်များ နှင့် ဒေသခံပြည်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ တပ်မတော်သတင်း […]