ylliX - Online Advertising Network

ရခိုင်နှင့် ဧရာဝတီနယ်စပ်ရှိ ဒေသခံများကို စစ်ကောင်စီတပ်က စတင်ပြောင်း ရွေ့ခိုင်း – Ayeyarwaddy Times

ဧရာဝတီတိုင်းမ်ဒီဇင်ဘာ ၁၉ ရက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်စပ်ရှိ ဒေသခံများကို စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စတင်ကာ ကျေးရွာအချို့မှ ဒေသခံများကို နေရာပြောင်း‌‌ရွေ့ခိုင်းထားကြောင်း ဒေသခံများထံကသိရသည်။ ယမန်နေ့ ညနေပိုင်းက စတင်ကာပြောင်းရွေ့ခိုင်းပြီး ယနေ့ ဒီဇင်ဘာလ ၁၉ရက်နေ့ နောက်ဆုံးထားပြောင်းရွေ့ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း ဒေသခံများကပြောသည်။ ဒေသခံများကို စတင်နေရာပြောင်းရွေ့ခိုင်းသည့် စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်း၊ ရေကြည်မြို့အခြေစိုက် မြောက်စမ်းကျေးရွာရှိ (၃၄၄) အမြောက်တပ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။ “မနေ့ကညနေပိုင်း နောက်ဆုံးထားပြီး စစ်တပ်က ပြောင်းခိုင်းတယ်၊တော်တော်များများတော့ ပြောင်းနေကြပြီ၊ ဘုန်းကြီးကားတွေနဲ့လည်း ‌ရွေ့ပေးနေကြတယ်။ ညက အမြောက်တပ်က ရမ်းသမ်း ပစ်ခတ်နေတဲ့အသံတွေကြားလိုက်ရတယ်” ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ ရေကြည်မြို့နယ်ရှိ ဆင်​သေကျေးရွာ၊ သက်ကယ်ပြင်ကျေးရွာ၊ ကုန်းမြင့်ကျေးရွာအပြင် ငါးသိုင်း​ချောင်းမြို့နယ်အတွင်းရှိကျေးရွာ​များတွင်လည်း […]

ကျေးသီး ဒေသခံများကို ညဘက် အပြင်မထွက်ရန် SSPP သတိပေး

သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ ကျေးရွာအချို့တွင် သျှမ်းပြည်လွတ်မြောက်ရေးပါတီ SSPP/SSA မှ မူးယစ်ဆေးသုံးစွဲနေသူကိုလိုက်လံ ဖမ်းဆီးနေပြီး၊ ပြည်သူများကို ညဘက် အပြင်မထွက်ရန် သတိပေးထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ မှစပြီး SSPP/SSA တပ်ဖွဲ့ မှ ည ၉ နာရီကျော်တွင် ဒေသခံများကို အသွားအလာမလုပ်ရန် သတိပေးထားပြီး မူးယစ်ဆေးသုံးစွဲသူများကို အပြင်းထန်ဖမ်းဆီးနေကြောင်း ဒေသခံ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ညဘက်မထွက်ခိုင်းတာက မှားဖမ်းမိမှာ စိုးလို့ပြောတယ်။ အခုလို ဖမ်းဆီးလိုက်တော့ ကောင်းတာပေါ့။ အရင်က WYသုံးရင် သူများ ပစ္စည်းခိုးတာရှိတယ်၊။ အဲ့အတွက်ကြောင့် အများက စိတ်ပူကြရတာပေါ့ ကိုယ့်အိမ်က မရှိမဲ့ရှိမဲ့ ဆန် ခိုးသွားမလားဆိုတာ စိတ်ပူရတယ်။” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို […]

ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို သေနက်ပစ်ခြိမ်းခြောက်ငွေတောင်း

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာနှင့် စစ်ဆေးရေးဂိတ်များတွင် သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပင်လောင်းမြို့နယ်တောင်ပိုင်း လုံကန်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံကန်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားနှစ်ဦးကို သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။ “ပြည်သူ့စစ်တွေက လုံကန်ဈေးကို သွားလာတဲ့ ရွာဒေသခံနှစ်ယောက်ကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ပြီးတော့ သူတို့ကို ပိုက်ဆံတောင်းတာ သားအဖ နှစ်ယောက်ကို။ သိန်းနဲ့ချီ တောင်းတော့ သူတို့က မပေးတော့ သေနတ်နဲ့ပစ်တာ ဆိုင်ကယ်ဘီးထိပြီး သူတို့လူ ပြန်ထိတာ၊ အဲ့တာကို စိတ်တိုပြီး စစ်သားတွေက […]