နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်း၊ မြေပြန့် မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လင်းခေးမြို့နယ်၊ ဟိုတင့်-နန့်အွန်ကျေးရွာချင်းဆက်မြေသားလမ်း ၂ မိုင် ၄ ဖာလုံ ဖောက်လုပ်ခြင်းနှင့် Box Culvert ခုနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် ၁၉၃ ဒသမ ၃၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၆၉ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း […]
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ တောင်တန်း မြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟိုပုံးမြို့နယ် ပုံးအယ်လမ်းခွဲမှ နမ့်ပေါ်ချော-ဟိုနား-နောင်မိုင်းပွန်- နားလော-လီမော လမ်းခွဲအထိ ၁၅ မိုင်အနက် ၅ မိုင် မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် ငါးပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ် ၃၂၉ ဒသမ ၄၇၆ သန်းဖြင့် ဆောင်ရွက် နေမှုကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၆၉ မိုင် ၄ ဖာလုံ၊ […]
ပဲခူး , ဒီဇင်ဘာ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ (၁၉)ရက်နေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည် ဆောက်လျက်ရှိသော ကဝမြို့နယ်၊ ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်လမ်း၊ မိုင်တိုင်(၁၉/၂)-(၁၉/၃)ကြားရှိ တံတားအမှတ်(၁/၂၀) ရစ်ဝတံတား အရှည်(၁၀၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားကမ်းကပ်ခုံများ ရေတိုက်စားမှုမရှိစေရေး ကမ်းထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ် နွေစပါးဧက(၃၀၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကြိုတင်ပျိုးထောင်စနစ်ဖြင့် တစ်နှစ်နွေစပါး(၂)သီး […]