ပန်းတောင်း ၊ နိုဝင်ဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာတွင် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ဆောင်းမြေပဲ၊ တစ်ကွင်းတစ်စပ်တည်းစံပြ(၂၀၀၀)ဧကပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်မည့်အခြေအနေများအားလိုက်လံကြည့်ရှုစစ်ဆေး၍ နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ကျေးရွာရှိတောင်သူ ဦးလှဌေး၏ မိုးစပါး(၁၀)ဧက စံကွက်ရိတ်သိမ်းမှုအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ သင်းသင်းအေး https://t.me/MyanmarNationalPost Source link