ရန်ကုန်၊ ဒီဇင်ဘာ ၂၃ မြန်မာနိုင်ငံမှထွက်ရှိသော ပြောင်းများ ကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ယခု ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး အပြင် ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ “အခုဘဏ္ဍာနှစ်စကနေ လက်ရှိအချိန် ထိ ပြည်ပကို ပြောင်းတန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့ထားပါတယ်။ အဓိက တင်ပို့တာက ထိုင်း၊ အိန္ဒိယနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကိုတင်ပို့ပါတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းကပြောသည်။ ပြည်တွင်းမှထွက်ရှိသည့် ပြောင်းများ ကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ပြီး ယခုနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ပါ ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။ “လက်ရှိက ထိုင်းနိုင်ငံကိုတင်ပို့တဲ့ […]
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် အင်ဒိုနီးရှားရူပီယာ ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်း doses သည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ ယင်း ပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affairs Mr. Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.M.Arif Hidayatullah တို့က ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ပြီး ကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း […]
အင်ဒိုနီးရှားသမ္မတနိုင်ငံက လှူဒါန်းသည့် ပိုလီယိုရောဂါ ကာကွယ်ဆေး (bOPV)၂ ဒသမ ၇၁၆ သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ ရန်ကုန် ဒီဇင်ဘာ ၂၀ အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် အင်ဒိုနီးရှားရူပီယာ ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ ပိုလီယိုရောဂါ ကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆သန်း doses သည် ယနေ့ နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာသည်။ ယင်းပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affairs Mr. Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံရုံးမှ […]
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရာဂီမုန်တိုင်းနှင့် နယ်မြေဒေသ အခြေအနေများကြောင့် အချို့ကဏ္ဍများ၌ ထိခိုက်မှုရှိခဲ့သော်လည်း ဧပြီလမှ စက်တင်ဘာလအထိ ပထမခြောက်လ ကုန်ဆုံးချိန်တွင် GDP တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ အသင်းချုပ်အနေဖြင့် မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ဖြစ်လာစေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးနေခြင်းက များစွာ အထောက်အကူဖြစ်စေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ထို့နောက် […]
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အစည်းအဝေး (၁၆) ကြိမ်အထိ ဆုံးဖြတ်ချက် (၅၆၀) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ (၂) နှစ်နှင့် (၁၁) လ ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲပေါင်း (၁၇၂၅၈) မှုရှိခဲ့ကာ ယင်းမှ ခန့်မှန်းငွေကျပ် (၃၇၉ ဒသမ ၂၄၇) ဘီလီယံတန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ […]
ကျပ် ၉ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ၄၄ဝ ဂရမ် ဖမ်းမိ – Myanmar Transparency News Source link
နေပြည်တော်၊ နိုဝင်ဘာ ၂၆ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများ လွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ စိုင်းဝဏ္ဏထွန်း (ခ)ဝဏ္ဏနှင့် စိုးမြင့်ထွန်းတို့ ၂ ဦးအား တူးကရောင်းမော်တော်ယာဉ်တစ်စီး၊ CANTER မော်တော်ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဘိန်းဖြူပါ ဆပ်ပြာခွက် ၂၂၀ ခွက်စီပါ ဆာလာအိတ် ၆၇ အိတ်အတွင်းမှ ဘိန်းဖြူ ၁၄၇ ဒသမ ၄ ကီလိုနှင့် ဆာလာအိတ် ၂၀ အိတ်ဖြင့်ထည့်လျက် စိတ်ကြွ ရူးသွပ်ဆေးပြား ၄၁ ဒသမ ၄၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း […]
နေပြည်တော်၊ နိုဝင်ဘာ ၂၁ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင် မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီး ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများတင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး (ခ) မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ) နိုင်ဝင်းထွန်း (ခ) နားကားတို့အား မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံး ရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း (ခ) […]
နေပြည်တော်၊ နိုဝင်ဘာ ၁၈ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာကားဝင်းတွင် လှမင်းထွန်းမောင်းနှင်ပြီး အကူယာဉ်မောင်း မြင့်သူစိုးနှင့် ယာဉ်နောက်လိုက် ဖြိုးကျော်ဇော(ခ)မိုးထက်မြင့်တို့ လိုက်ပါလာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စားသောက်ကုန်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့သည်။ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ လိပ်ကုန်းကျေးရွာနေ ဖမ်းဆီးရမိယာဉ်ပိုင်ရှင်ဖြစ်သူ အောင်ခိုင်ထူးနှင့် ဇနီး မမိုးစံပယ်တို့၏ အစီအမံဖြင့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်အကျိုးအမြတ်များဖြင့် ဝယ်ယူပိုင်ဆိုင်ထားသည့် […]
ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရမှုကြောင့် အီလွန်မက်၏ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၂၆ ဒသမ ၅ ဘီလီယံ တိုးလာ ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် အတွက် ၎င်းကို ငွေကြေးအရ ထောက်ပံ့မှုများပေးသည့် အီလွန်မက်၏ ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ ၂၆ ဒသမ ၅ ဘီလီယံအထိ တိုးလာကြောင်း သိရသည်။ အထူးသဖြင့် အီလွန်မက်ပိုင်ဆိုင်သော တက်စလာ ကုမ္ပဏီရှယ်ယာက ၁၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာသည့်အတွက် အီလွန်မက်၏ ချမ်းသာကြွယ်ဝမှုမှာလည်း ဒေါ်လာ ဘီလီယံ ၂၉၀ အထိ ရှိလာပြီဖြစ် ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။ အီလွန်မက်သည် ဇူလိုင်လမှစ၍ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း တရား […]